Microsoft Windows 8 Activator (All Edition)

ဒီကောင်လေးကတော့ Windows 8 အားလုံးကို Activated လုပ်ပေးနိုင်တဲ့ Windows 8 Activator လေးပါ.. Windows 8 အပြင် တခြားဆော့ဝဲလ်တွေကိုလည်း Activated လုပ်ပေးနိုင်ပါသေးတယ်.. အခုဒီပိုစ့်မှာ Windows 8 ကို Active ဖြစ်အောင် လုပ်နည်းကိုပဲ ဖေါ်ပြပေးထားပါတယ်.. တခြားဆော့ဝလ်တွေကို Active ဖြစ်အောင်လုပ်နည်း ကိုတော့ နောက်ပိုင်းမှ အလျှဉ်းသင့်သလို ဖေါ်ပြပေးသွားပါ့မယ်.. လိုအပ်တဲ့သူများ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ Windows 8 အတွက် ဒီ Loader လေးကို အသုံးလိုတဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 47.3 MB ရှိပါတယ်.. 



Windows 8 အသုံးပြုသူများ အနေနဲ့ အရင်ဆုံး မိမိတို့ Windows ထဲမှာထည့်ထားတဲ့ Antivirus ပရိုဂရမ်တွေကို Temporary Disable ပေးပြီး ခဏ ပိတ်ထားလိုက်ပါ.. နောက်ပြီး အင်တာနက် Connection ကိုလည်း ပိတ်ပေးထားပါ.. ဒီ၂ခုလုပ်ပြီးသွားရင် ဒီကောင်လေးနဲ့ Windows 8 ကို Active ဖြစ်အောင် လုပ်လို့ ရပါပြီ..။ အောက်ကပုံကတော့ ဝင်းဒိုး Active မဖြစ်သေးတဲ့ အချိန်မှာ ပေါ်နေတဲ့ စာသားတွေပါ.. ဝင်းဒိုး Active ဖြစ်ပြီးသွားရင်တော့ အဲ့ဒီစာသားတွေ ပျောက်ပြီး၊ ပြောင်းသွားပါလိမ့်မယ်..



အပေါ်ပုံအတိုင်း Windows 8 ကို Activated ဖြစ်ဖို့ ဒီ Loader လေးကို ၂ချက်တောက်ပြီး ဖွင့်ပါ.. အရင်ဆုံး အင်တာနက်ကို ပိတ်ထားပါ.. ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကိုလည်း ပိတ်ထားလိုက်ပါ..



အပေါ်ပုံအတိုင်း ပေါ်လာရင် မျှားပြထားတဲ့ Windows 8 Install/Uninstall စာသားကို တချက်ကလစ်ပေးပြီ.. နည်းနည်းစောင့်ပေးပါ..။
အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်.. Install လုပ်မှာလား လို့ မေးတာဖြစ်တဲ့ အတွက် ကီးဘုတ်မှ Y ကီးကို တချက်တောက်ပေးလိုက်ရင် ရပါပြီ..


အောက်ကပုံတွေအတိုင်း ဆက်တိုက်ပေါ်လာပါလိမ့်မယ်..




အောက်ကပုံ ၂ပုံပေါ်လာရင် OK >> OK ပေးလိုက်ပါ..



OK ၂ခါပေးပြီးရင်တော့ မိမိတို့ရဲ့စက်ဟာ ပိတ်ကျသွားပါလိမ့်မယ်.. စက်ပြန်ပွင့်လာရင်တော့ အောက်ကပုံလိုမျိး စားသားပျောက်သွားပြီး.. Activated ဖြစ်သွားပါပြီ..



Computer >> Properties ကနေ ဝင်ကြည့်လိုက်ရင်လည်း အပေါ်ပုံလိုမျိုး Windows is activated ဆိုပြီး စာသား ပြောင်းသွားပါပြီ.. View details in Windows Activation စာသားကို ကလစ်ပြီး ဝင်ကြည့်လိုက်ရင်လည်း အောက်ကပုံလိုမျိုး Windows is activated ဖြစ်သွားပါပြီ..


ကျနော် အောက်ကပုံအတိုင်း Windows Update ကိုသွားပိတ်ထားလိုက်ပါတယ်.. အစိမ်းရောင် ဝိုင်းပြထားတဲ့ နေရာတွေမှာ မိမိတို့ သဘောအတိုင်း ပိတ်ချင်ပိတ်၊ ဖွင့်ချင်ဖွင့်ထား နိုင်ပါတယ်..


နောက်တခုက ကျနော်တို့ Activate လုပ်လိုက်တဲ့ Windows 8 ဟာ တကယ့်လိုင်စင်ဗါးရှင်း ဖြစ်မဖြစ်၊ အောက်ကပုံအတိုင်း cmd ထဲမှာ စာရိုက်ပြီး ကြည့်လို့ရပါသေးတယ်.. သိချင်သေးတဲ့ သူများ အောက်ကပုံလေးအတိုင်း Run ဘောက်ကို ကီးဘုတ်မှ Windows Logo + R နဲ့ ဖွင့်ပြီး cmd လို့ရိုက် OK ပေးလိုက်ပါ..


ပေါ်လာတဲ့ cmd.exe အမဲရောင်အကွက်ထဲမှာ slmgr /dli စာသားကို မှန်အောင် ရိုက်ထည့်ပြီး Enter တချက်ခေါက်လိုက်ရင် Windows Script Host မှာ Licensed စာသားနဲ့ အတူ လိုင်စင်ဗါးရှင်း ဖြစ်ကြောင်း ဘောက်စ်လေးပေါ်လာပါလိမ့်မယ်..။ OK >> ကြတ်ခြေခတ်နဲ့ ပြန်ပိတ်လိုက်လို့ ရပါပြီ..


Windows 8 မှာ Start Menu မပါတဲ့ အတွက် အောက်ကပုံလိုမျိုး အောက်ခြေဒေါင့်လေးမှာ Right Click ထောက်လိုက်ရင် မိမိတို့ သွားချင်တဲ့ အခန်းကို အလွယ်တကူသွားလို့ ရသွားပါလိမ့်မယ်..


ဒီလောက်ဆိုရင် Windows 8 ကို Activated ဖြစ်အောင်၊ လိုင်စင်ဗါးရှင်း ဖြစ်အာင် လုပ်တတ်သွားပါပြီ.. အားလုံးပဲ အဆင်ပြေကြပါစေဗျာ..

8 comments:

  1. Install လုပ်မှာလား မေးတော့ ကီးဘုတ်မှ Y ကီးကို နှိပ်လိုက်ပါတယ် ဒါပေမယ့် ဘာမှထပ်မကျလားဘူး ဖြစ်နေတယ် update လဲ ပိတ်ထားတယ် အင်တာနက်လဲ ပိတ်ထားတယ် အကြိမ်ကြိမ်အခါခါလုပ်ကြည့်တယ် မရဘူး ဖြစ်နေတယ်ဗျာ အဲဒါ ဘယ်လို ဆက်လုပ်ရင်ကောင်းမလဲ အကြံပေးပါဦးဗျာ

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်။ ကျနော်လည်း နောက်ပိုင်းမှ သိလာရတာပါ. တချို့စက်တွေမှာ အဆင်မပြေတတ်ပါဘူး.. တခြား Activator တွေ ထပ်ပြီး စမ်းသပ်နေပါတယ်.. အဆင်ပြေတာလေးတွေဆိုရင် တင်ပေးထားပါမယ်..။

      Delete
  2. akhu software net lal asin mapyay bu ako.y ko nate pe tok bar ma ma paw tok bu.bal lo lote ya ma lal ma thi tok bu ako.commet box mhar lel zaw gyi ma ya bu ako.chat box mhar tok ya tal.bal lo nee lan net ya ma lel ku nyi par owm ako.kya naw sat ka ASUS A53S par.window ka window8 pro 64bit par.

    ReplyDelete
  3. Activated တော့ဖြစ်တယ်စားသားကပျောက်မသွားဘူးဘာလို့လဲ အကိုလွင်မင်းဗိုလ်

    ReplyDelete
  4. အကိုကျနော်ဒေါင်းပြီးခွေဘမ်းတာလုံးဝမရဘူးအဲဒါဘာဖြစ်လို့ လဲခင်ဗျကျနော်အကိုပုံထဲမှာပြတဲ့အတိုင်းလုပ်တာပဲမရဘူး neroနဲ့ လဲလုံးဝမရဘူးကျနော့်စက်မှာမရလို့ သူငယ်ချင်းစက်မှာသွားဘမ်းတော့လဲဒီအတိုင်းပဲဘမ်းလို့ မရဘူး

    ReplyDelete
    Replies
    1. အခွေဘမ်းတယ်ဆိုတာ ဘယ်ဆော့ဝဲလ်ကို ပြောတာလဲ ခင်ဗျ..။ ISO ဝင်းဒိုးခွေလား၊ ISO ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်လား..။ ဒီပိုစ့်က ဆော့ဝဲလ်ကတော့ အခွေဘမ်းဖို့ မလိုပါဘူး..။ ၂ချက်တောက်ပြီး လုပ်ပေးလိုက်ယုံပါပဲ..။

      Delete
  5. ကိုလွင်မင်းဗိုလ်ကျွန်တော်ကိုကူညီပါအုံး

    ကျွန်တော်အသုံးပြုတဲ့စက်က acer aspire i3

    ဝင်းဒိုး ၈ တင်ထားပါတယ်

    ဝင်းဒိုးအမျိုးအစားက Windows 8 Release Preview Build 8400

    Windows is not activated ဖြစ်နေလို့ ပါ

    တတ်သိတဲ့ပညာနဲ့ လိုက်လုပ်တာလဲမရဘူးဖြစ်နေတယ်

    ပညာများကိုလဲမျှဝေပေးစေလိုပါတယ်

    ကျေးဇူးပြုပြီးကူညီပေးပါနော်

    စောင့်မျှော်လျှက်

    ညီလေး
    ရကောက်

    ReplyDelete
    Replies
    1. တကယ်တော့လည်း Windows 8 Activator တွေက Windows 7 မှာ အသုံးပြုလို့ ရတဲ့ Windows 7 Loader တွေလို မဟုတ်ပါဘူး..။ Windows 7 မှာ ဘယ် ဗါးရှင်းကိုပဲ ဖြစ်ဖြစ် Loader တွေနဲ့ Activate ဖြစ်အောင် လုပ်နိုင်ပါတယ်..။ အခု Windows 8 တွေမှာတော့ အဲ့လို မနိုင်သေးပါဘူး..။ အပြင်က Repack လုပ်ထားတဲ့ Windows 8 ဗါးရှင်းတွေကိုပဲ Activate ဖြစ်အောင် လုပ်နိုင်တာပါ..။ Microsoft က တိုက်ရိုက်ပေးထားတဲ့ Windows 8 တွေကိုတော့ Activate ဖြစ်အောင် မလုပ်နိုင်သေးတာ တွေ့ရပါတယ်..။ ဒါကြောင့် ဝင်းဒိုး Active ဖြစ်ဖို့ ဆိုရင်တော့ Repack လုပ်ထားတဲ့ Windows 8 တွေကိုပဲ ပြောင်းသုံးရမှာပါ..။ Microsoft က တိုက်ရိုက်ပေးထားတဲ့ Original Windows 8 တွေကို အသုံးပြုထားတာ ဆိုရင်တော့ အခု လက်ရှိ Activator နဲ့ မနိုင်သေးပါဘူး..။ နောက်ပိုင်း ထပ်ထွက်လာမယ့် Windows 8 Activator တွေမှာတော့ အဆင်ပြေနိုင်ပါတယ်..။

      Delete

Related Posts Plugin for WordPress, Blogger...