Easeus Data Recovery Wizard Free Edition 5.6.1

 5 Oct 12, 09:41 PM
zaw htet: အကိုရေ window defender ကို usb ထဲထည့်ထားတယ် ဒါပေမယ့် usb ထဲကပုံတွေ သီးချင်းတွေပျောက်ကုန်တယ် မတွေ့တော့ဘူး ပြောပြပေးပါနော် အားလုံး ပျောက်ကုန်တာ
Windows Defender လို၊ Windows7 လို Bootable တွေ USB ထဲထည့်မယ်ဆိုရင် မိမိတို့ရဲ့ USB ထဲမှာရှိနေတဲ့ Data တွေကို တနေရာရာမှာ အရင်သိမ်းထားပြီးမှ USB Bootable လုပ်ရမှာပါ.. ဒီတခုကို အားလုံးပဲ သတိပြုသင့်ပါတယ်.. ဘာလို့လဲဆိုတော့.. USB Bootable ဖြစ်အောင်လုပ်တဲ့ အခါမှာ မိမိတို့ USB ထဲမှာ ရှိနေတဲ့ Data တွေကို အရင်ဆုံး Bootable ဆော့ဝဲလ်တွေက Format လုပ်ပစ်လိုက်လို့ပါပဲ..  ဒီကောင်လေးကတော့ တော်တော်များများကို Recovery ပြန်လုပ်ပေးနိုင်ပါတယ်.. Emergency (အရေးပေါ်) အသုံးပြုလို့ ရအောင် ဖရီးပေးထားတဲ့ ကောင်လေးပါ.. အရေးပေါ်သုံးဖို့ ထုတ်ပေးထားတာ ဖြစ်တဲ့ အတွက် 1GB ထိပဲ ဖိုင်တွေကို ပြန်ရှာပေးပါလိမ့်မယ်.. 1GB ထက်ကျော်နေရင်တော့ ဒီကောင်လေးကို ဖရီးသုံးလို့ မရတော့ပါဘူး.. မနေ့က Cbox မှာ ရေးထားတဲ့ ကိုzaw htet လို အရေးပေါ် အသုံးလိုတဲ့ သူတွေအတွက် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်.. သူ့ရဲ့မူရင်းဆိုဒ်မှာ ရေးထားတာလေးကို ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
USB Drive Data Recovery Software
Since most of the above things may cause data loss in USB flash drive, it is a must or good way to keep a free USB flash data recovery software for emergency.
EaseUS Data Recovery Wizard Free Edition, compatible with Windows 2000/XP/2003/Vista/2008/Windows 7, can recover lost files due to deletion, format, raw partition, virus attack, system crash etc. from USB Drive, external hard drive, hardware RAID, hard drive, SD card, memory card, etc.
ဓါတ်ပုံတွေ သီချင်းတွေကို 1GB ထက်မကျော်ပဲ ဒီကောင်လေး ပြန်ရှာပေးပါလိမ့်မယ်..။ ဟိုအရင်တုန်းကလည်း Data Recovery ဆော့ဝဲလ်တွေ တင်ပေးထားတာ ရှိပါတယ်.. လိုအပ်တဲ့သူများ  ကျနော့် Blog ထဲမှာ ပြန်ရှာယူနိုင်ပါတယ်.. အောက်မှာ ဒီကောင်လေးကို ကျနော်စမ်းသုံးထားတာလေး အဆင်ပြေတာနဲ့ ပုံလေးတွေပါ ဖေါ်ပြပေးထားပါတယ်.. ကွန်ပျူတာကို ကျွမ်းကျင်စွာ မသုံးတတ်သေးတဲ့သူများအတွက် ပုံလေးတွေ ကြည့်ပြီး လုပ်လို့ အဆင်ပြေအောင်လို့ပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.5 MB ရှိပါတယ်..



adfly လေး ကြားမှာ ထည့်ထားပါတယ်.. အောက်ကပုံလေးအတိုင်း ဆော့ဝဲလ်ကို ဒေါင်းယူနိုင်ပါတယ်..



ဒီကောင်လေးကို မိမိတို့စက်ထဲ Install ဆွဲထည့်ပြီးတဲ့ အခါမှာတော့ ပုံမှာပြထားတဲ့ အတိုင်း လုပ်ပေးပြီးရင်.. Recovery ပြန်လုပ်လိုတဲ့ USB ကို မိမိတို့စက်မှာ အရင်တပ်လိုက်ပါ.. ပြီးရင် အောက်ကပုံအတိုင်း Complete Recovery ကိုစကလစ်လိုက်ပါ..


နောက်ဆင့်မှာ ပေါ်လာတဲ့ ပုံလေးကို အောက်ကပုံအတိုင်း ကြည့်ပြီးလုပ်ပေးလိုက်ပါ.. ဒီနေရာ ကျနော်က ဓါတ်ပုံတွေကို ရှာမှာ ဖြစ်တဲ့ အတွက် ဒီအောက်ကပုံလေးအတိုင်း လုပ်ထားတာပါ.. တကယ်လို့ Video ကိုပြန်လိုချင်ရင် Video နေရာမှာကလစ်ပါ.. သီချင်းကို ပြန်လိုချင်ရင် Music နေရာမှာ ကလစ်ပါ.. ကျနော်က ဓါတ်ပုံကို ရှာမှာဖြစ်တဲ့ အတွက် Camera ကနေ ကလစ်ပြီး သွားပါတယ်.. အောက်ကပုံအတိုင်း မိမိပြန်ရှာလိုတဲ့ ဖိုင်တခုကိုပဲ အမှန်ခြစ်ပေးပါ.. ပြီးရင်တော့ အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ယုံပါပဲ..




အပေါ်မှာ ပထမ တပိုင်း ပြီးသွားပါပြီ.. ကျတဲ့ နောက်တပိုင်းကိုတော့ အောက်ကပုံတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ.. အောက်ကပုံအတိုင်း ပေါ်လာရင် အပြာရောင်ပေါ်အောင် တချက်ကလစ်ပေးလိုက်ပါ..။ ပြီးမှ Next ကိုနှိပ်ပါ..


အောက်ပုံ.. ပေါ်လာတဲ့ ဖိုင်ထဲမှာ အားလုံးကို အမှန်ခြစ်ပေးလိုက်ပါ.. Next နှိပ်ပါ..


ဒီအဆင့်မှာ ရလာတဲ့ ဖိုင်ကို သိမ်းမယ့်နေရာ ရွေးပေးလိုက်ပါ.. ဒီမှာတော့ ရှာရလွယ်အောင် Desktop ကိုတချက်ကလစ်ပြီး Next ကိုနှိပ်ပါတယ်..



အပေါ်ပုံမှာတော့ အလုပ်လုပ်နေပါပြီ.. အောက်ကပုံအတိုင်း ပေါ်လာရင် ဒီကောင်လေးရှာလိုက်တဲ့ ဓါတ်ပုံတွေ Desktop မှာပေါ်လာပါပြီ..


Desktop ကသူ့ဖိုင်လေးထဲမှာ သွားဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ဖျက်ထားပြီးသား ဓါတ်ပုံတွေကို တွေ့ရပါပြီ..


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...