ESET FREE Online Virus Scan - Hacker ရန်က ကင်းဝေးရလေအောင်

မနေ့က Cbox မှာ အစ်ကိုတစ်ယောက် ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေကြောင့် Error ဖြစ်နေတာကို သတိရမိလို့ ဒီကောင်လေးနဲ့ ဟတ်ကာရန်က ကင်းဝေးနိုင်အောင် လုပ်နည်းလေးပါ ပုံလေးတွေနဲ့ ဖေါ်ပြပေးထားပါတယ်.. ကွန်ပျူတာကို လေးစေ၊ ဟမ်းစေတတ်တဲ့ ဗိုင်းရပ်တွေကို ဒီကောင်လေးက တော်တော်လေး အစွမ်းထက်ပါတယ်.. ဒီကောင်လေးကို ကျနော် စမ်းသုံးနေတာ ၃ခါလောက်ပဲရှိပါသေးတယ်.. အဓိက လုပ်ဆောင်ပေးတာက မိမိတို့ စက်ထဲမှာ ဝင်ရောက်နေတဲ့  ဟတ်ကာတွေဖန်တီးထားတဲ့ ဗိုင်းရပ်စ်မျိုးစုံကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပါတယ်.. Online Scan ဖြစ်တဲ့ အတွက် ဒီိကောင်လေးကို ၂ချက်တောက်ပေးလိုက်ရင် လိုင်းပေါ်ကနေ နောက်ဆုံး Update Database တွေကို ဒေါင်းယူပြီး စက်ထဲကို Install ထည့်ပါလိမ့်မယ်.. ကျနော်တို့ အနည်းငယ်တော့ ပြင်ပေးဖို့ လိုပါတယ်.. အဲ့ဒါလေး ပြင်ပေးပြီးရင် သူ့အလိုလို အလုပ်လုပ်နေပါလိမ့်မယ်..။ အချိန်များများပေးနိုင်တဲ့ နေ့မှ ဒီကောင်လေးကို အသုံးပြုသင့်ပါတယ်.. အနည်းဆုံး နေ့ဝက်လောက်ကြာပါလိမ့်မယ်.. မိမိတို့စက်ထဲမှာ သိမ်းထားတဲ့ Data ဖိုင်တွေ များရင်များသလို အချိန်ပိုပေးရပါတယ်.. ကျနော်ဒီကောင်လေးကို စသုံးတဲ့နေ့က ကျနော့်စက်မှာ ဆော့ဝဲလ်ဖိုင်တွေများတော့ ၂၃နာရီလောက် အချိန်ပေးထားရပါတယ်.. ဒီကောင်လေး အလုပ်လုပ်ပြီးသွားရင်တော့ မိမိတို့ စက်ဟာ ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေ မရှိတော့တဲ့ အတွက် အတော်လေး ပေါ့ပါးနေတာ လက်တွေ့မြင်ရပါလိမ့်မယ်.. တော်တော်လေး ကောင်းပါတယ်.. ကျနော်တို့လို ဖရီးဆော့ဝဲလ်တွေရအောင် လိုက်ရှာအသုံးပြုနေတဲ့ သူတွေအတွက် ဟတ်ကာတွေနဲ့ မကင်းနိုင်ပါဘူး.. သူတို့ရဲ့ Hack Tool တွေမျိုးစုံက ကျနော်တို့ရဲ့ ကွန်ပျူတာထဲကို ဆော့ဝဲလ် ပရိုဂရမ်တွေနဲ့အတူ ပါလာတတ်ပါတယ်.. Antivirus တွေကလည်း မသိနိုင်ပါဘူး.. အဲ့တော့ ဟတ်ကာရန်က ကင်းဝေးအောင် ဒီလို သီးသန့်ထုတ်ပေးထားတဲ့ Free ပေးသုံးတဲ့ ESET FREE Online Virus Scan လေးနဲ့ Hack Tool တွေကို ရှင်းပစ်လို့ ရပါတယ်.. နေ့တိုင်းလုပ်ပေးဖို့ မလိုပါဘူး.. တစ်လ၊ တစ်ခါလောက်ဆို လုံလောက်ပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 386 KB ပဲရှိပါတယ်.. ဖိုင်ဖြည်လိုက်ရင်တော့ 2.21 MB ရှိတဲ့ ကောင်လေးထွက်လာပါလိမ့်မယ်.. ၂ချက်တောက်ပြီး တန်းသုံးယုံပါပဲ..

CyberLink YouCam 5 Deluxe


 29 Oct 12, 11:39 AM
paungyu:
အစ်ကိုရေ youcam ကင်မရာရှိရင် တင်းပေးပါနော်... ကျေးဇူးတင်ပါတယ် ပျော်ရွှင်ပါစေ
30 Oct 12, 05:00 PM
paungyu@gmail.com:
အစ်ကို youcam5.0 ထဲတာ့ မရဘူးဖြစ်နေတယ် ကူညီပါနော်
ဒီကောင်လေးကတော့ အတော်လေး လန်းပါတယ်.. မိမိတို့ရဲ့ ပုံကို မိမိတို့ရဲ့ ကွန်ပျူတာရှေ့က ကင်မရာမှာ စိတ်တိုင်းကျ ဒီဇိုင်းမျိုးစုံ ပုံစံမျိုးစုံ ပြုပြင်ယူလို့ ရမှာ ဖြစ်ပါတယ်.. ဓါတ်ပုံပဲဖြစ်ဖြစ်၊ ဗွီဒီယိုပဲ ဖြစ်ဖြစ် ဒီကောင်လေးနဲ့ ရိုက်ယူလို့ ရပါတယ်.. သူ့ထဲမှာပါတဲ့ Effect တွေများလွန်းတဲ့ အတွက် ပုံလေးတွေနဲ့ ပြပေးဖို့ သိပ်အဆင်မပြေပါဘူး.. ဒါကြောင့် အသုံးပြုပုံကို နားလည်လွယ်မယ့် Video ဖိုင်လေး ရှာပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 150 MB ရှိပါတယ်..

Classic Shell v3.6.2 For Windows 8 Start Menu Button



Skins for the start menu

ဒီကောင်လေးက Windows 8 မှာ Windows 7 လို Start Menu Button လေး ပေါ်အောင်လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ အပေါ်ပုံမှာ ပြထားသလို ဒီဇိုင်းမျိုးစုံ သူ့ရဲ့ Setting ထဲကနေ ပြောင်းပြီး အသုံးပြုနိုင်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ.. Windows 8 မှာ Start Menu လေးပေါ်နေမှာ ဖြစ်ပါတယ်..။ မနေ့က သူငယ်ချင်းတစ်ယောက်က Windows 8 တင်ထားပြီး ပြန်မပိတ်တတ်လို့ Shut Down နေရာဘယ်လိုရှာရလဲ ဆိုတာနဲ့ အောက်ကပုံလေးအတိုင်း ပြပေးလိုက်ပါတယ်.. မသိသေးတဲ့သူများလည်း Windows 8 မှာ Shut down / Sleep / Restart နေရာတွေကို အောက်ကပုံလေးအတိုင်း Setting ကနေ ဝင်ပြီးအသုံးပြုလို့ ရပါတယ်.. Windows 7 တင်တုန်းက Driver တွေပျောက်တတ်ပေမယ့် အခု Windows 8 မှာ Driver တွေ မပျောက်ပဲ အားလုံးအလုပ်လုပ်လို့ တမျိုးတော့ စိတ်ချမ်းသာရပါတယ်.. ဝင်းဒိုးတင်တဲ့ အချိန်ကလည်း Windows 7 တင်တာထက်ကို ပိုမြန်ပါတယ်.. နောက်ပြီး Startup နဲ့ Shut down မှာလည်း Windows 7 ထက်ကိုပိုပြီး သိသိသာသာမြန်ပါတယ်.. Windows 8 မှာ ဒီဇိုင်းတမျိုးပြောင်းပြီး ထုတ်ထားတာဖြစ်တဲ့ အတွက် Windows 7 လို Start Menu မပါတော့ပါဘူး.. ကျနော့်လို Start Menu လေးနဲ့ အသုံးပြုချင်တဲ့သူများအတွက် ကျနော်ရှာတွေ့ထားပြီး အသုံးပြုလို့ ရတဲ့ ကောင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.3 MB ရှိပါတယ်.. 

Internet Download Manager 6.12 Final Build 23


Internet Download Manager 6.12 Final Build 23 နောက်ဆုံးထွက် Update လေးရလာလို့ တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတစ်ယောက် ပြောလာလို့ IDM ပုံတွေက ဘယ်နေရာမှာ ဖြစ်ဖြစ်အတူတူပဲတဲ့ အသစ်အဆန်းလေးဖြစ်အောင် နဲနဲလောက် ပြောင်းလဲပေးပါအုန်းဆိုလို့ ဒီအရောင်လေးနဲ့ စတိုင်တမျိုးဖြစ်အောင် ဖန်တီးပေးလိုက်တာပါ.. အနက်ရောင် Blog တွေမှာဆိုရင်တော့ ဒီပုံလေးက အတော်လေး လန်းနေမှာပါ.. တခြား Blog တွေမှာလည်း ယူသုံးလို့ ရအောင် ကျနော့် Blog နာမည်ရေးမထားတော့ပါဘူး.. နောက်ထပ် ဆင်ဆင်တူတဲ့ ဒီလိုပုံတွေ အများကြီးလုပ်ထားပါတယ်.. နောက်ထပ်ထွက်လာမယ့် IDM ဗါးရှင်းအသစ်တွေမှာ တပုံချင်းစီ ဖေါ်ပြပေးသွားမှာပါ.. ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. Patch နဲ့ ဖူးဖြစ်အောင်လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. မသိသေး၊ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ.. ဒီလို နောက်ဆုံးထွက် Update လေးတွေကို IDM Update ပေးမိတဲ့သူများအတွက် အဆင်ပြေအောင် ရည်ရွယ်ပြီး တင်ပေးတာပါ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.86 MB ရှိပါတယ်..

BOOTMGR is missing Error ဖြေရှင်းနည်း


27 Oct 12, 09:29 PM
hanmyo:
အကိုရယ် ကျနော့်ကိုတခုလောက် ကူညီပါအုံး ကျနော့်စက် ဖွင်လို့မရဖြစ်သွားလို့ ကျနော့်စက်က acer 4.74Aပါစက် ကိုဖွင့်လိုက်တာနဲ့ BOOTMER is missing Press Ctrl+Alt+Del to restart လို့ပေါ်လာတယ် window လဲတက်မလာဘူး အဲဒါကိုဘယ်လိုလုပ်ရမလဲ မစပါအုံးအကိုရယ် ကျေးဇူး တင်လျှက�
ဒီဖြေရှင်းနည်းလေးကို Windows 7 ကုမ္ပဏီက ဒီရှစ်လပိုင်းအကုန်က တင်ပေးထားပါတယ်..  2007 ခုနှစ်တုန်းက ရှိခဲ့တဲ့ ဖြေရှင်းနည်းက Windows Vista အတွက်ထုတ်ပေးခဲ့တာပါ.. Windows Vista အတွက် ဆိုပေမယ့် တချို့ အဲ့ဒီနည်းနဲ့ Windows 7 မှာလည်း အသုံးပြုလို့ ရခဲ့ကြပါတယ်.. အခုလည်း ဒီနည်းကို Windows 7 မှာရော၊ Vista မှာပါ ဒီလို Error အတွက် အသုံးပြုလို့ ရပါတယ်.. ဒီအောက်မှာတော့ Windows 7 ကုမ္ပဏီမှာ ရေးပြထားတဲ့ စာသားတွေထဲက အနည်းငယ်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီဖြေရှင်းနည်းကို Windows 7 ကုမ္ပဏီက အတိုကောက် BCD ဖြေရှင်းနည်းလို့ ခေါ်ပါတယ်..။ ဒီ Error ဖြေရှင်းနည်းပိုစ့်ကို PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ ပိုစ့်ရဲ့ အောက်ဆုံးမှာ ဒေါင်းယူနိုင်ပါတယ်..
August 31, 2012
Bootrec.exe options
The Bootrec.exe tool supports the following options. Use the option that is appropriate for your situation.
Note Use the Bootrec.exe tool to troubleshoot "Bootmgr Is Missing" issue. If rebuilding the BCD does not resolve the startup issue, you can export and delete the BCD, and then run this option again. By doing this, you make sure that the BCD is completely rebuilt.
To do this, type the following commands at the Windows RE command prompt:

NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ.. Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ Nero 8 Essentials ဆော့ဝဲလ်ကို ဒီနေရာကနေ ဒေါင်းယူနိုင်ပါတယ်.. ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.6 MB ရှိပါတယ်..

PowerISO v5.4 ( ISO Image Files တွေကို ဘယ်လို Burn , Compress (ချုံ့) , Mount မလဲ )


23 Oct 12, 09:48 PM
ဇော်ဇော်:
အကိုရေ နည်းပညာတွေ လေ့လာသွားတယ်နော် နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကို တစ်ခုလောက်ကူညီပါအုံး အကိုဆိုဒ်မှာimg burn softwareလေးတွေ့တယ် အသုံးပြုနည်းလေး ရေးပေးပါအုံးနော် အကိုကျေးဇူးပြု၍ မသုံးတတ်သေးလို့ပါ
23 Oct 12, 09:50 PM
ဇော်ဇော်:
နောက်ပြီး poweriso software လေးတင်ပးပါအုံးနော် အသုံးပြုပုံလည်း ရှင်းပြပေးပါအုံးအကို ကျေးဇူးအများကြီးတင်လျက်ပါ
ပြီးခဲ့တဲ့ ရက်တွေက တောင်းထားတဲ့ ဆော့ဝဲလ်တွေကို လိုက်ရှာရင်း အဆင်ပြေတာလေးတွေကို ဖြေးဖြေးချင်း တင်ပေးသွားပါ့မယ်.. ဒီကောင်လေးကို ရှာရလွယ်လို့ ဒီနေ့ဒါလေးကို အရင်တင်ပေးလိုက်ပါတယ်.. နောက်ဆုံးထွက် Update လေးပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ PowerISO v5.4 နဲ့ ISO ဖိုင်တွေကို ဘယ်လို အသုံးပြုလို့ ရလဲဆိုတာ.. နောက်ပြီး CD/DVD Drive မရှိတဲ့သူများ ဒီထဲမှာပါတဲ့ Mount တဲ့နည်းနဲ့ ဝင်းဒိုးတင်လို့ ရမယ့်နည်းလေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လုပ်ပြထားပါတယ်.. အသုံးလိုတဲ့သူများ ဆက်ကြည့်လိုက်ပါဗျာ.. အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ အရင် ဒေါင်းယူလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..

Microsoft Windows 8 Activator (All Edition)

ဒီကောင်လေးကတော့ Windows 8 အားလုံးကို Activated လုပ်ပေးနိုင်တဲ့ Windows 8 Activator လေးပါ.. Windows 8 အပြင် တခြားဆော့ဝဲလ်တွေကိုလည်း Activated လုပ်ပေးနိုင်ပါသေးတယ်.. အခုဒီပိုစ့်မှာ Windows 8 ကို Active ဖြစ်အောင် လုပ်နည်းကိုပဲ ဖေါ်ပြပေးထားပါတယ်.. တခြားဆော့ဝလ်တွေကို Active ဖြစ်အောင်လုပ်နည်း ကိုတော့ နောက်ပိုင်းမှ အလျှဉ်းသင့်သလို ဖေါ်ပြပေးသွားပါ့မယ်.. လိုအပ်တဲ့သူများ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ Windows 8 အတွက် ဒီ Loader လေးကို အသုံးလိုတဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 47.3 MB ရှိပါတယ်.. 

Kaspersky Internet Security 2012 key files only


22 Oct 12, 01:29 PM
minyarzar@hotmail.com: အကိုရေုkaspersky internet security2012 key fileလေးတစ်ခှလောက် ရှာပေးပါလားခင်ဗျား
ဒီပိုစ့်မှာတင်ပေးလိုက်တာ Key Files သက်သက်ပါပဲ.. Kaspersky Internet Security 2012 အတွက် အပြင် 2013 ရဲ့Key Files တွေပါ ထည့်ပေးထားပါတယ်..။ Key Files ထည့်နည်းကို အရင်တင်ပေးထားပြီးတဲ့ ပိုစ့်ဖြစ်တဲ့ Kaspersky Antivirus 2013 ပိုစ့်မှာ ပြန်ကြည့်နိုင်ပါယ်.. လုပ်နည်း အတူတူပါပဲ.. ဒီ Key Files လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့် ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 249 KB ပဲရှိပါတယ်..

Creation Flash Songs with SWiSH Max - Flash သီချင်းများ ဖန်တီးခြင်း

 22 Oct 12, 01:57 AM
punkkalay91:
အကိုရေ flash songs လုပ်တာ ပုံတွေက အသေတွေဖြစ်နေလို့  ပုံအရှင်လေးတွေ ဖြစ်အောင် ဘယ်လို လုပ်ရတယ် ဆိုတာကို လမ်းညွှန်ပြသပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ် မေးထဲပို့ ပေးပါနော်..
 ဒါလေးက Flash Song လုပ်တဲ့ စာအုပ်လေးပါ.. အသေးစိတ်ရေးပေးထားလို့ လိုက်လုပ်ရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်.. ဒီမှာပဲ ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်.. တခြားလိုအပ်တဲ့သူများလည်း အသုံးပြုလို့ ရအောင်လို့ပါ.. ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 922 KB ရှိပါတယ်..

Free FLV Player v1.8


ကျနော်တို့ လိုင်းပေါ်က သီချင်းတွေ၊ You Tube ကသီချင်းတွေ ဒေါင်းလော့ချတဲ့ အခါ ဖေါ်မတ်တွေ ရွေးခိုင်းတာ ကြုံဖူးကြပါလိမ့်မယ်.. အဲ့ဒီဖေါ်မတ်တွေထဲက FLV File ဆိုတဲ့ ဖေါ်မတ်တွေကို ဒေါင်းလော့ချမိတဲ့ အခါ Windows Media Player နဲ့ ဖွင့်လို့မရပါဘူး.. ဒီ Free FLV Player လေးနဲ့မှ အဲ့ဒီသီချင်းတွေကို ဖွင့်လို့ ရပါတယ်.. ဒီ FLV Player လေးက မိမိတို့ ဖွင့်လိုက်တဲ့သီချင်းတွေကို Converter စာသားနေရာကနေ MP3 ဖြစ်ဖြစ်၊ 3GP ဖြစ်ဖြစ် ဖေါ်မတ်တွေကို ပြောင်းပေးနိုင်ပါတယ်..။ Windoes 8 မှာ အသုံးလိုလို့ လိုက်ရှာရင်း ဒီကောင်လေးနဲ့ အဆင်ပြေသွားလို့ ဒါလေးပါ တင်ပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.9 MB ရှိပါတယ်..

Adobe Flash Player 11.5.500.97 Beta (Non-IE)

Flash Player 11.5 နောက်ဆုံးထွက်လေးပါပဲ.. Non-IE ဆိုတာကတော့ ဝင်းဒိုးထဲမှာ ပါပြီးသားဖြစ်တဲ့ Internet Explorer အတွက် မဟုတ်ပါဘူးဆိုတဲ့ အဓ္ဓိပါယ်ပါ..။ Windows 8 မှာ သုံးမယ့် Mozilla Firefox မှာ အဆင်ပြေမယ့် ကောင်လေးပါ.. မိုဇီလာ အသုံးပြုတဲ့ ကွန်ပျူတာတိုင်း  Flash Player က မရှိမဖြစ်မို့ ဒီကောင်လေးကိုတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး.. Flash Player တွေကို Install ဆွဲထည့်တဲ့ အခါတိုင်း မိုဇီလာကို ပိတ်ပေးထားမှ Install ထည့်လို့ ရပါတယ်.. အခုနောက်ပိုင်းတော့ တချို့စက်တွေ Flash Player ထည့်ရင် မိုဇီလာကို ပိတ်ပေးဖို့ မလိုတော့တာလည်း ကြုံလာရပါတယ်.. နောက်ပိုင်းတော့ စက်အားလုံး အဲ့လိုပဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်.. ဒီိနောက်ဆုံး Update လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 15.5 MB ရှိပါတယ်..

Google Chrome 23.0.1271.40 Beta


Google Chrome ကိုလည်း နောက်ဆုံးထွက်လေးကို ရှာပေးလိုက်ပါတယ်.. Windows 8 သုံးတဲ့သူများ အတွက် အဆင်ပြေအောင်လို့ပါ.. Google Chrome က Mozilla ထက်ပိုမြန်တာတော့ ၂မျိုးယှဉ်သုံးဖူးတဲ့ လူတိုင်း သိပါတယ်.. Chrome မှာ မြန်မာစာ ပေါ်အောင်လုပ်နည်းကို ဒီပိုစ့်မှာ တင်ပေးထားပါတယ်.. ဒီနောက်ဆုံးထွက်လေးကို သူ့ရဲ့ ဒေါင်းလော့ဒါနဲ့ ဒေါင်းယူရမှာဖြစ်တဲ့ အတွက် သူ့ရဲ့ ဒေါင်းလော့ဒါလေးကိုပဲ တင်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..  ဒေါင်းလော့ဒါလေးရဲ့ ဖိုင်ဆိုဒ်ကတော့ 709 KB ပဲရှိပါတယ်..

Firefox 17.0 Beta 2


မနေ့က တင်ပေးလိုက်တဲ့ Windows 8 နဲ့ အဆင်ပြေအောင် Mozilla Firefox Browser နောက်ဆုံးထွက် Update ကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ မိုဇီလာနဲ့ ပါတ်သက်လို့.. မြန်မာစာပေါ်အောင်၊ မိမိတို့ရဲ့ Gmail အကောင့်တွေ၊ Password တွေ၊ မကျန်အောင်.. နောက်ပြီး မိမိတို့ ကြည့်ခဲ့တဲ့ ဝဘ်ဆိုဒ်တွေကို နောက်လူတွေ အလွယ်တကူ ရှာလို့ မရအောင် လုပ်နည်း တော်တော်များများကို အရင်တုန်းက တင်ပေးထားပြီးသားရှိပါတယ်.. မသိသေးတဲ့သူများနဲ့ ပြန်ကြည့်ချင်တဲ့သူများ ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်.. နောက်ပြီး Mozilla မှာ IDM အလုပ်မလုပ်တဲ့သူများ IDM အလုပ်လုပ်အောင် ဒီပိုစ့်မှာ ကြည့်ပေးပါ.. မိုဇီလာရဲ့ Book Mark ထဲက မိမိတို့ အမြဲကြည့်တတ်တဲ့၊ မှတ်ထားတဲ့ ဝဘ်ဆိုဒ်တွေကို HTML နဲ့ ဘယ်လို သိမ်းပြီး၊ ဘယ်လို ပြန်ထည့်မလဲဆိုတာ မသိသေးတဲ့ သူများ ဒီပိုစ့်မှာ တင်ပေးထားပါတယ်.. မိုဇီလာနဲ့ ပါတ်သက်လို့ နောက်ထပ်သိချင်သေးရင် ဒီနေရာကနေ ဝင်သွားလိုက်ပါ.. အခုဒီ နောက်ဆုံးထွက်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 19.9 MB ရှိပါတယ်..

Windows 8 - ( 4 in 1 )


4in1 Windows 8 ကို နိုင်ငံခြား ဝဘ်ဆိုဒ်တခုကနေ ရှာတွေ့ထားတာပါ.. ဖိုင်တခုလုံးကို 3.48 GB ရှိပါတယ်.. ကျနော်ကိုယ်တိုင် ဒေါင်းယူစမ်းသပ်ပြီးပါပြီ.. အခုကျနော့်စက်မှာ ဒီ Windows 8 တင်ထားပါတယ်.. ကျန်ခဲ့တဲ့ ရက်တွေကတည်းက Windows 8 ကို ဒေါင်းယူ စမ်းသုံးနေတာ.. အတော်လေး အဆင်ပြေပါတယ်.. Windows 7 ထက်သာတာတခုကတော့ အဖွင့်၊အပိတ် (Start up နဲ့ Shut Down ) Windows 8 က ပိုမြန်ပါတယ်.. အခု Windows 8 RTM AIO ဗါးရှင်းကို ပြောတာပါ.. တခြား ဗါးရှင်းတွေတော့ ဘယ်လိုနေမလဲ မသိသေး.. ကျနော်ဒီ Version ကို Full သုံးလို့ ရမယ့် Activator တွေ လိုက်ရှာနေတာ တော်တော်များများ ရထားပြီးပါပြီ.. အဲ့ထဲကမှ အဆင်ပြေတာလေးကို ရွေးပြီး တင်ပေးသွားပါမယ်.. ဒီ Windows 8 ISO ဖိုင်မှာ 4in1 ဆိုပေမယ့် ပါတာက ၂မျိုးပါပဲ.. အဲ့ဒါကို 32-bit နဲ့ 64-bit ခွဲလိုက်တော့ ၄မျိုးဖြစ်သွားတာပါ.. ဒီဖိုင်ကို တင်ပေးထားတဲ့ စေတနာရှင်ရဲ့ သတ်မှတ်ထားတဲ့ အတိုင်း 4in1 လို့ပဲ ပြန်ရေးပေးလိုက်တာပါ.. အသုံးပြုလို့ ရတဲ့ Windows 8 Version တွေကတော့ အပေါ်ပုံမှာ ရေးပေးထားတဲ့ အတိုင်း EnterPrise နဲ့ Professional ၂မျိုးပါပဲ.. ဒီဖိုင်ကို တင်ပေးထားတဲ့သူက WinRAR နဲ့ချုပ်ပြီး၊ Password ခံတင်ပေးထားတာ ဖြစ်တဲ့ အတွက် ဖိုင်ဖြည်တဲ့ အခါမှာ သူပေးထားတဲ့ Password ကိုထည့်ပေးလိုက်ရင် ဒီဖိုင်ကို အသုံးပြုလို့ ရသွားပါပြီ.. ဖိုင်ဖြည်တဲ့အခါ Password ထည့်တတ်အောင် အောက်မှာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..

ImTOO DVD Ripper Ultimate 7.5.0.20121016


 19 Oct 12, 02:05 PM
munghpan:
အစ်ကိုလွင်..ကျေးဇူးပြု၍ imToo DVD Ripper 7.5.0 ရဲ့ serial ဖြစ်ဖြစ် keygen သို့မဟုတ် crack file ရှာပေးပါနော် install လုပ်ထားတာကြာပြီ 'ဒါပယ်မယ့် unregisted ပြနေလို့ rip မရဘူးဖြစ်နေတယ်လေ
 ဒီိကောင်လေးကို မနေ့ကတည်းက တင်ပေးမလို့ပါပဲ.. အခွေကူးလို့လည်းရပြီး မိမိတို့ရဲ့ Video တွေကို စိတ်ကြိုက် ဖြတ်ဆက်ပြီး Effect တွေပါ ထည့်သုံးလို့ ရပါတယ်..။ ဒီကောင်လေးကိုရှာရင်းနဲ့ တခြားတောင်းထားတဲ့ Antivirus 2013 အတွက်တွေပါ လိုက်ရှာရင်းနဲ့ အချိန်ကုန်သွားလို့ ဒီနေ့မှ တင်ပေးဖြစ်တော့တယ်.. သူ့ရဲ့ Key ကို ဒေါင်းလော့ဖိုင်ထဲမှာလည်း ထည့်ပေးထားပါတယ်.. ကို munghpan ကဒီကောင်လေးကို ရှိပြီးသားဆိုတော့ သူ့ကီးကို ဒီနေရာမှာ ရေးပေးလိုက်ပါတယ်.. 
21ad-01-06-2012-6F5-1A7F-D624-55E0-B4BA
အောက်မှာ ပုံလေးနဲ့ပါ ကီးထည့်ပြထားပါတယ်.. ဖူးသုံးလို့ ရသွားပါပြီ..  လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 34.7 MB ရှိပါတယ်..

CCleaner 3.23.1823 Latest Version




မနေ့၊တနေ့က Comments မှာ အစ်ကိုတစ်ယောက်က သူ့စက်က Mozilla အရမ်းနှေးနေတယ်လို့..  ပြောလာလို့ ဒီနေ့တင်ပေးလိုက်တဲ့ ပိုစ့်၂ခုလုံးက မိုဇီလာလို Browser တွေရော၊ ကွန်ပျူတာထဲက Registry Error တွေနဲ့  မလိုအပ်တဲ့ အမိုက်တွေကိုပါ ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးတွေပါ.. အရင်တုန်းတင်ပေးထားတဲ့ CCleaner လေးရှိပေမယ့် ဒီကောင်လေးက နောက်ဆုံးထွက် Update လေးပါ.. အသုံးပြုရတာလည်း လွယ်ပါတယ်.. မိမိတို့စက်ကို ဒီလိုရှင်းလင်းပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတွေကို အားလုံးပဲ ဆောင်ထားသင့်ပါတယ်.. ဘာကီးမှ ထည့်ပေးဖို့ မလိုတဲ့ ဖရီးပေးသုံးတဲ့ ကောင်လေးပါ.. မသုံးတတ်သေးတဲ့သူများ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..

Advanced SystemCare Pro 6.0.7.160


ဒီကောင်လေးကို သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်.. ဒါလေးက နောက်ဆုံး ထွက်လာတဲ့ Update လေးပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. ဘာတွေကောင်းလဲဆိုတော့ မူရင်းဆိုဒ်မှာ ရေးထားတဲ့ အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
Advanced SystemCare PRO 6 provides automated and all-in-one PC care service with Malware Removal, Privacy Protection, Performance Tune-up, and System Cleaning capabilities. It also creates superior and safer online experience with the latest Surfing Protection and Internet Boost technology, ensuring you top online security and maximum PC performance.
 တကယ်ပဲ အသုံးဝင်တဲ့ Tool လေးပါ.. သူလုပ်ပေးနိုင်တာတွေ များတဲ့အတွက် ဒီကောင်လေးကို ပုံမှန် အသုံးပြုပေးခြင်းဖြင့် မိမိတို့ရဲ့ ကွန်ပျူတာကို လေးခြင်း၊ ဟမ်းခြင်း၊ အဲရာများရှင်းပေးခြင်း တို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါတယ်.. Version 3 မှာကတည်းက ကျနော်စသုံးလာတဲ့ ကောင်လေးပါ.. အခု Version 6 ကအရင်ကောင်တွေထက် ပိုကောင်းပါတယ်.. အောက်မှာလည်း Key နဲ့ အသုံးပြုပုံလေးပါ ပြပေးထားပါတယ်.. လုပ်ရတာလည်း လွယ်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 18.4 MB ရှိပါတယ်..

Kaspersky Internet Security 2013 - kis13.0.1.4190en


 ဒီကောင်လေးက အင်တာနက်က ဝဘ်ဆိုဒ်တွေကို ဝင်ကြည့်တဲ့အခါမှာ ဗိုင်းရပ်စ်တွေနဲ့ ဟတ်ကာတွေရဲ့ ရန်က ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်.. ဟတ်ကာတွေ ခိုးယူတတ်တဲ့ ဓါတ်ပုံတွေ၊ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ဖို့ ဒီလို Internet Security လေးတွေလည်း လိုအပ်ပါတယ်.. ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Keys တွေနဲ့ Key Files တွေကို မနေ့ကလိုပဲ Upload တင်ရအဆင်ပြေအောင် ဖြတ်ထားတဲ့ MP3 သီချင်းလေး တပုဒ်နဲ့အတူ တင်ပေးထားပါတယ်..။ အဲ့ဒီကီးတွေနဲ့ ဖူးသုံးလို့ ရအောင်လုပ်နည်းကတော့ မနေ့က တင်ပေးလိုက်တဲ့ Kaspersky Antivirus 2013 ပိုစ့်မှာ လုပ်ပြပေးထားတဲ့နည်းနဲ့ အတူတူပါပဲ.. Key Files တွေနဲ့ ထည့်ပေးလိုက်တဲ့ သီချင်းလေးကတော့ အခုလက်ရှိ ကမ္ဘာကျော်နေတဲ့ Korea သီချင်းလေးပဲ ဖြစ်ပါတယ်.. နာမည်ကြီးနေတဲ့ သီချင်းလေး တပုဒ်ကို ဒီပိုစ့်နဲ့အတူ လက်ဆောင်ပေးလိုက်ပါတယ်..
 PSY - GANGNAM STYLE (강남스타일) M/V

ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဆော့ဝဲလ်နဲ့ Key Files တွေကို သက်သက်စီ ခွဲတင်ပေးထားပါတယ်..

Kaspersky Antivirus 2013 - kav 13.0.1.4190en

15 Oct 12, 01:22 PM
thuyein:
kaspersky 2013 KAV လေး လုပ်ပုံလုပ်နည်းလေးနဲပ software လေးတင်ပေးပါနော်
2013 အတွက် ထွက်လာတဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးလည်း ပါပါတယ်.. ဆော့ဝဲလ်ကို မူရင်းဆိုဒ်မှာ ဒေါင်းယူလို့ ရပေမယ့် သူ့အတွက် ဖူးသုံးလို့ ရမယ့် Key တွေနဲ့ Key Files တွေကို ကျတော့ ရှာလို့ တွေ့ထားတဲ့ အများကြီးထဲက ပြန်လိုက်ရွေးနေရလို့ တခြားဆော့ဝဲလ်တွေထက် ပိုကြာ၊ အချိန်ပိုပေးရပါတယ်..။ အခုတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. သူ့အတွက် Key Files တွေနဲ့ Key လေးတွေကို Winrar နဲ့ ချုပ်ပြီး သီးသန့် တင်ပေးထားပါတယ်.. Key Files သက်သက်ဆိုတော့ ဖိုင်ချုပ်လိုက်တာ 10 kb ပဲ ရှိတယ်၊ ဖိုင်ဆိုဒ် သေးလွန်းတဲ့ အတွက် Upload တင်ရတာ သိပ်အဆင်မပြေပြန်ဘူး.. ဒါကြောင့် ဒီအောက်က ကျနော်ကြိုက်တဲ့ သီချင်းလေးကို MP3 ဖေါ်မတ်နဲ့ စက္ကန့် ၅၀ စာလောက်ဖြတ်ပြီး Key Files ထဲမှာထည့်ပြီး Upload တင်မှ အဆင်ပြေသွားပါတယ်.. Key Files ရဲ့ဖိုင်ဆိုဒ်က 1.5 MB ရှိပါတယ်.. ကျနော် အမြဲနားထောင်ဖြစ်တဲ့.. Key Files ထဲမှာ ထည့်ပေးထားတဲ့ MP3 သီချင်းလေးကို You Tube ကနေ တိုက်ရိုက်ကြည့်လို့ ရအောင် လင့်ချိတ်ပေးထားပါတယ်.. ရုပ်ပုံပါ ကြည့်ရအဆင်ပြေအောင်လို့ပါ..


ဒီကောင်လေးကို ဖူးသုံးလို့ရအောင် လုပ်နည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်


3 Oct 12, 06:15 PM
ဇော်ဖော်:
အကိုရေ လာလည်သွားတယ်နော် ဟဲဟဲ........ နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကိုဆိုဒ်ကို နည်းပညာတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆုတောင်းပါတယ်အကို vcd/dvd software လေးတစ်ခုနဲ ခွေကူးပုံးလေး တင်ပြပေးပါအုံးအကိုေ
13 Oct 12, 10:52 PM
ဇော်ဖော်:
အကိုရေ ကူညီပါအုံးဗျို့ img software လေးနဲ့  ခွေကူးပုံကူးနည်းလေးတွေ ဖော်ပြပေးပါအုးံးနော် မလုပ်တတ်လို့ပါဗျာ ကူးညီပါအုံး
အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. တခြား Blog တွေလို တစ်ရက်ထဲ ဆော့ဝဲလ် ၅ခု၊ ၁၀ခု တင်ပေးလို့ ရပါတယ်.. ဒါပေမယ့် သူငယ်ချင်းတို့ သုံးလို့ရချင်မှ ရမယ်.. သုံးတတ်ချင်မှ သုံးတတ်မယ်.. အဲ့လိုဆို ပေးတဲ့လူအတွက်လည်း အကျိုးမရှိဘူး.. ဒေါင်းယူရတဲ့ လူအတွက်လည်း အချိန်ကုန်ပြီး အကျိုးမရှိဘူး.. ကျနော်အဲ့လို တွေးမိပါတယ်.. ဒါကြောင့် ကျနော်တခုခုတင်လိုက်တိုင်း သုံးတတ်ပြီး ၊ သုံးလို့ရပြီး အကျိုးရှိတာလေးတွေကိုပဲ တင်ပေးချင်ပါတယ်.. ပိုစ့်တင်တာ နည်းတဲ့ အခါကျရင်တော့ ကျနော်မအားလို့ဆိုတာ နားလည်ပေးကြပါဗျာ..
အခုဒီပိုစ့်လေးကို ကျနော့်သူငယ်ချင်း တော်တော်များ ကလည်း မသိသေး ၊ မလုပ်တတ်သေးလို့ ဒီအခွေကူးနည်း လေးကို တင်ပေးလိုက်ပါတယ်.. ကျနော့် Blog မှာတင်ပေးထားပြီးသား ရှိတဲ့ Ashampoo Burning Studio 11 နဲ့ Nero 8 Essential ဆော့ဝဲလ်တွေကို အသုံးပြုပြီး လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီ Burning Tool တွေကို ဒေါင်းယူလိုက်ပါဗျာ..

Windows7 & Windows XP Installation Guide - ဝင်းဒိုးတင်နည်းလမ်းညွှန်



12 Oct 12, 09:11 PM
nyinaing:
ကိုလေး ကျေးဇူးပဲနော် လိုချင်တာလေးတွေယူသွားတယ်
12 Oct 12, 09:20 PM
nyinaing:
ကိုလေးရေ ပြောရအုံးမယ် ညီတို့ဆီမှာ အခုတလော အင်တာနက် လိုင်းကကျတော့ ဓတ်ပုံတွေက မြင်တဲ့ဟာကမြင်ရ မမြင်ရတဲ့ဟာကမမြင် ဖြစ်နေတယ် windows တင်နည်းတွေကို  ညီ လေ့လာဖြစ်တယ် ဒါပေ့မဲ့ ပုံတွေက ခုဏက ညီပြောတဲ့အတိုင်း....အဆင်မ
12 Oct 12, 09:28 PM
nyinaing:
ပြေဖြစ်နေတယ်ကူညီပါအုံး ညီက computer ကိုဆရာတွေဘာတွေနဲ့သင်ရတာမဟုတ်တော့ ကိုလေးကပဲ ညီဆရာဖြစ်နေတယ်လို့ပြောရမယ်ဖြစ်နိုင်ရင် computer နဲ့ ပတ်သတ်တဲ့ စာအုပ်ကောင်းကောင်းလေး  ၁အုပ်လောက်မစပါ လေးစားစွာဖြင့် ....
ဒီစာအုပ်လေးတွေကို သိမ်းထားတာ ကြာနေပြီ.. တောင်းတဲ့လူ ရှိလာတော့မှပဲ သတိရလို့ ပြန်ရှာတင်ပေးလိုက်ပါတယ်.. ဝင်းဒိုးတင်တတ်ချင်တဲ့ သူများအတွက် စာအုပ်ကောင်းလေးတွေပါ.. ကျနော့် Blog ထဲမှာ ဝင်းဒိုးခွေတွေကို လင့်ချိတ်ပေးထားတာတွေ ရှိပါတယ်.. ဝင်းဒိုးခွေလိုချင်တဲ့သူများ Windows7Windows XP ခွေတွေကို ဒေါင်းယူနိုင်ပါတယ်.. ဒီစာအုပ်လေးတွေကို လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

Microsoft Office 2010 Blue Edition (Full Version)

 ကျနော်ကြည့်နေကျ နိုင်ငံခြား ဝဘ်ဆိုဒ်တွေထဲက ဒီ Microsoft Office 2010 Blue Edition လေးတွေ့လို့ လင့်ပြန်ချိတ်ပေးလိုက်ပါတယ်.. အရင်တုန်းက တင်ပေးထားတဲ့ Microsoft Office Professional Plus 2010 ကို ကျနော့် သူငယ်ချင်းတစ်ယောက်က Full သုံးလို့ရအောင် မလုပ်တတ်ဘူး ဖြစ်နေတာ.. မကြာမကြာ ဖုန်းဆက်ပြီး မေးဖူးတဲ့ သူငယ်ချင်းနဲ့ တခြားသူများပါ အဆင်ပြေအောင်လို့ ဒီဗါးရှင်းလေးကို တွေ့တွေ့ချင်း လင့်ပြန်ချိတ်ပေးလိုက်ပါတယ်.. ဖိုင်ဆိုဒ်ကတော့ 869 MB ရှိပါတယ်.. ကျနော် ဒေါင်းလော့ချ စမ်းသပ်ပြီး ဒေါင်းယူလို့ရတဲ့ ဖိုင်လေးပါ.. ဖူးဗါးရှင်းဖြစ်ပြီးသား Install ဆွဲထည့်ပြီးတာနဲ့ အသုံးပြုလို့ ရသွားပါပြီ.. လိုအပ်တဲ့သူများ အေက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..

Mozilla Firefox မှာ IDM အလုပ်လုပ်ဖို့ ဆိုရင်


12 Oct 12, 11:25 AM
thannaing:
ကိုလွင်မင်းဗိုလ်ရေ ကျွန်တော်firefoxမှာIDM အလုပ်မလုပ်ဘူးအစ်ကို ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇုးပြုပြီးပြောပြပေးပါနော် firefox 13.0 beta4ပါ IDM က6.9.7ပါ ကျေးဇူးပြုပြီးရှင်းပြပေးပါနော်
Mozilla နဲ့ပါတ်သက်လို့ ဒီနည်းလေးကို ရေးပေးဖို့ ကျန်နေပါသေးတယ်.. ဒီနေ့ ဒီအစ်ကိုမေးလာမှပဲ သတိယတော့တယ်.. ကိုthannaing သုံးတဲ့ IDM က ဗါးရှင်း နှိမ့်လွန်းလို့ Firefox 13.0 မှာ အလုပ်မလုပ်တာပါ.. ကျနော် မနေ့ တင်ပေးထားတဲ့ IDM 6.12 built 22 နောက်ဆုံးထွက် Update ကို Install ဆွဲထည့်လိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါပြီ..။ IDM ကို Patch နဲ့  ဖူးဗါးရှင်း ဖြစ်အောင်လုပ်နည်းကို IDM 6.12 Beta Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ Patch ဖိုင်ထည့်နည်း အတူတူပါပဲ.. 
နောက်တခုက Mozilla ရော IDM ပါ  နောက်ဆုံးဗါးရှင်းတွေကို သုံးပေမယ့်လည်း Mozilla မှာ IDM အလုပ်မလုပ်သေးတဲ့သူများ ရှိခဲ့ရင် ဒီမှာ ပြထားတဲ့ နည်းနဲ့ လုပ်ပေးလိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..

သူများ ကလိလို့ မရအောင် Drive (Partation) တွေကို ဖျောက်ထားရအောင်




တခါတလေမှာတော့ ဒီလိုလုပ်နည်းလေးကလည်း အသုံးဝင်ပါတယ်.. ဒီလိုလုပ်နည်းလေးတွေ လိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ အသုံးဝင်တဲ့ ဆော့ဝဲလ်တွေ၊ အရေးကြီးတဲ့ Data တွေကို Partation တွေထဲမှာ သိမ်းထားတတ်ကြပါတယ်.. ကွန်ပျူတာကို သိပ်နားမလည်ပဲ အရမ်းကလိတဲ့ ကောင်တွေ အနားမှာရှိရင်တော့ ဒီ Drive တွေကို ဒီနည်းနဲ့ ဖျေက်ထားတာ အကောင်းဆုံးပါပဲ.. ဒါမှ ဒီကောင်တွေ သတိမထားမိပဲ ဖျက်စီးမိမယ့် ဘေးက ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်.. တနည်းအားဖြင့် ဝှက်ထားတာပါ.. ဆော့ဝဲလ်မလိုပါဘူး.. အခုဒီမှာ လုပ်ပြတဲ့နည်းလေး အတိုင်း လုပ်ပေးလိုက်ရင် မိမိတို့ ဖျောက်ထားချင်တဲ့၊ ဝှက်ထားချင်တဲ့ Drive ကို အလွယ်တကူ ဖျောက်ထားလို့ ရမှာဖြစ်ပါတယ်.. ပြန်ဖေါ်ချင်တဲ့ အခါမှာလည်း ဒီနည်းအတိုင်းပဲ ပြန်ဖေါ်ပြီး အသုံးပြုလို့ ရပါတယ်.. ဒီလိုလုပ်နည်းလေးတွေကို တင်ပေးချင်ပေမယ့်လည်း အများစုက ဆော့ဝဲလ်တွေပဲ တောင်းနေကြတော့ ဒီလို နည်းလေးတွေကို မတင်ပေးဖြစ်တာပါ.. နောက်ပိုင်း ဆော့ဝဲလ်တောင်းတဲ့လူ နည်းသွားရင်တော့ ဒီလိုလုပ်နည်းလေးတွေကို ဦးစားပေး ဖေါ်ပြသွားဖို့ ရှိပါတယ်.. ကွန်ပျူတာရှိတဲ့ လူတိုင်း ဒီနည်းလေးကို သိထား၊ တတ်ထားသင့်ပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်ကြပါဗျာ..

Internet Download Manager 6.12 Final Build 22


  Internet Download Manager 6.12 Final Build 22 Update လေး ထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ IDM ကို Update ပေးမိတဲ့သူများအတွက် အဆင်ပြေအောင်လို့ နောက်ဆုံးထွက် Update လေးတွေကို တင်ပေးတာပါ.. ဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်.. မလုပ်တတ်သေးတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပြီး ဒီထဲမှာပါတဲ့ Patch ဖိုင်လေးနဲ့ ဒီဗါးရှင်းလေးကို Full လုပ်ပြီး အသုံးပြုနိုင်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..

Ultra ISO Premium Edition 9.5.0.2800

10 Oct 12, 07:07 AM
aphi:
အကိုရေ iso shirnking software လေးရှိရင်တင်ပေးပါအုံး လုပ်နည်းလေးပါရေးပေးပါနော် iso file က 6Gb ကျော်နေလို့ DVD rw နဲ့  burn လို့ မရ ဖြစ်နေလို့ 
ဒီကောင်လေးကတော့ ISO ဖိုင်တွေကို အမျိုးမျိုး ပြောင်းလဲပေးနိုင်ပါတယ်.. တောင်းထားတဲ့လူရှိလို့ လိုက်ရှာရင်း လွယ်လွယ်ကူကူလုပ်လို့ ရတာလေးကို ပြန်တင်ပေးလိုက်ပါတယ်.. ISO ဖိုင်ကို ချုံ့တာ မူရင်းဆိုဒ်ထက် နည်းနည်းပဲ သေးလို့ရပါတယ်.. ဒါပေမယ့် Quality ကောင်းမကောင်းတော့ မသိပါ.. ဒီလိုဖိုင်ကို ချုံ့တာထက် DVD နဲ့ခွေကူးလို့လည်း အဆင်ပြေအောင် ISO ဖိုင်တခုထဲကို ISO ဖိုင် ၂ခု၊ ၃ခု ခွဲထုတ်လိုက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်.. မူရင်းဖိုင်ရဲ့ အရေအသွေးလည်း မပျက်နိုင်တော့ပါဘူး.. ချုံ့တာကြတော့ မူရင်း ဖိုင်ရဲ့ အရေအသွေးပျက်သွားရင် အသုံးပြုလို့ မရနိုင်တော့ပါဘူး.. အခုဒီကောင်လေးနဲ့ အဲ့ဒီလုပ်နည်း ၂မျိုးစလုံးကို ပြပေးထားပါတယ်.. အဆင်ပြေသလိုသာ လုပ်ကြပါ.. ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..

Basic Joomla (မြန်မာလို)

10 Oct 12, 01:59 AM
စောကျော်ဦး:
ကျနော် Google ကနေ ဒိုမိန်းနိနမ်း ဝယ်ပြီးပါပြီ ကျနော့် http://shwemyanmar2012.blogspot.no/# ကို ဝယ်ထားတဲ့ shwemyanmaronline.net နဲ့ ဘယ်လို ချိတ်ရမှန်းမသိဖြစ်နေပါတယ် ကူညီနှိုင်ရင် ကူညီပေးပါဗျာ 
ဒီစာအုပ်လေးကတော့ Blogger တွေအတွက် ဝဘ်ဆိုဒ်တွေ တခုနဲ့တခု ချိတ်ဆက်တဲ့ နေရာမှာ အသုံးဝင်မယ့် အထောက်အကူပြုမယ့် စာအုပ်လေးပါ.. လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ပါ ပြပေးထားလို့ ပိုပြီး အသုံးပြုရတာ အဆင်ပြေစေပါတယ်.. ဝဘ်ဆိုဒ်တွေ တခုနဲ့ တခုချိတ်ထားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က 1 MB ပဲ ရှိပါတယ်..

Drive C,D,E,F ဖွင့်မရတဲ့ Error ဖြေရှင်းနည်းနှင့် One Click Restore Point


 10 Oct 12, 12:41 AM
zin:
my computer က drive c d တွေ ဖွင့်၇င် ဖွင်လိုမ၇ပဲ search ပဲပေါ်လာလို့ ဘယ်လို ပြန်လုပ်၇မလဲ အကို
ဒီ Error ကို အောက်မှာ ပြထားတဲ့ နည်းနဲ့ ဖြေရှင်းလိုက်ရင် ကောင်းသွားပါလိမ့်မယ်.. အရင်ဆုံး ဒီနည်းကို မလုပ်ခင် One Click Restore Point နဲ့ Restore Point တခု အရင်ဖန်တီး ထားသင့်ပါတယ်..။ တကယ်လို့ မထင်မှတ်ပဲ နောက်ထပ် အယ်ရာတခု ထပ်ပေါ်လာခဲ့ရင် ဒီ Restore Point လေးနဲ့ ဒီနေ့ ဒီအချိန်ကို ပြန်လာလို့ ရမှာ ဖြစ်ပါတယ်.. ကြိုတင် ကာကွယ်တဲ့ သဘောပါ.. ကျနော်တို့ CMD တို့၊ Commant Prompt တို့လို နေရာတွေမှာ ဝင်ပြင်ရတာ လက်ရှိ ကောင်းနေတဲ့ ကွန်ပျူတာတွေအတွက် စွန့်စားခန်းတခုလို အန္တရယ်များလွန်းပါတယ်.. စက်တလုံးနဲ့ တလုံး ပြဿနာချင်း မတူတဲ့ အတွက် ဒီစက်မှာ ဒီလိုနည်းနဲ့ ကောင်းနေပေမယ့် နောက်စက်တလုံးမှာ ဒီနည်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ.. ဒီသဘောကိုတော့ နားလည်ထားရပါမယ်.. အခုဒီိမှာ လုပ်နည်း ၂ခုကို ဖေါ်ပြပေးထားပါတယ်.. ပထမနည်းနဲ့ အဆင်ပြေသွားတဲ့လူ အတော်များများရှိပါတယ်.. ပထမနည်းနဲ့ မရတဲ့ စက်တွေမှာ ဒုတိယနည်းနဲ့ ထပ်လုပ်ပေးလိုက်ရင် ကောင်းသွားပါလိမ့်မယ်.. တနည်းကို အရင်စမ်းကြည့်ပါ.. အဆင်မပြေမှ နောက်တနည်းကို ထပ်စမ်းပါ..။ One Click Restore Point ကို အောက်ကလင့်ကနေ အရင်ဒေါင်းယူလိုက်ပါ.. ဖိုင်ဆိုဒ်က သေးသေးလေးပါ.. 400 kb ပဲ ရှိပါတယ်.. ဒီပိုစ့်မှာ ပြထားတဲ့ ပုံတွေနဲ့ ဒီလုပ်နည်းကိုပါ အဲ့ဒီဖိုင်ထဲမှာ Notepad နဲ့ ရေးပေးထားပါတယ်..

Number1 စာလုံးထဲမှာ Photoshop ဖြင့် အလံ(ဓါတ်ပုံ) ထည့်နည်း


 
 ဒီလုပ်နည်းလေးက ဒီဇိုင်းတခုဖန်တီးတာနဲ့ သွားတူပါတယ်.. Photoshop ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားရင် မိမိတို့ စိတ်ထဲရှိသလို ပုံတွေ၊ဒီဇိုင်းတွေကို မိမိတို့ Idea နဲ့ ဖန်တီးနိုင်စွမ်း ရှိလာပါလိမ့်မယ်..။ ဒီပေါ်ကပုံလေးက ဒီပိုစ့်ကို ရေးနေရင်းနဲ့မှ ပေါ်လာတဲ့ Idea လေးပါ.. ဒီလိုလေး ဖန်တီးဖြစ်လိမ့်မယ်လို့ မစဉ်းစားခဲ့ပါဘူး.. ကျနော်တင်ပေးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကို ဒီပိုစ့်အပါအဝင် အားလုံးကို အလွတ်လုပ်နိုင်သွားပြီဆိုရင် Photoshop ပညာကို ကျနော့်လောက် နီးနီးတတ်မြောက်သွားပါပြီ.. မိမိတို့ စိတ်တိုင်းကျ ပုံတွေကို ဖန်တီးနိုင်သွားပါပြီ.. ဒီလုပ်နည်းလေးကလည်း မခက်ပါဘူး.. ဒါပေမယ့် မကြာမကြာပြန် လေ့ကျင့်ပေးဖို့တော့ လိုပါတယ်.. မလုပ်တာကြာရင် မေ့တတ်ပါတယ်..။ ကျနော့်ကိုယ်တွေ့ပါ..။ 
ဒီလေ့ကျင့်ခန်းလေးကို Photoshop CS6 Portable နဲ့ ဖန်တီးထားတာပါ.. Photoshop CS6 Portable လိုအပ်တဲ့သူများ ဒီနေရာကနေ ဝင်ယူနိုင်ပါတယ်..။ အရင်တုန်းက ဗါးရှင်းအဟောင်းတွေ ဖြစ်တဲ့ Photoshop 7.0 နဲ့ပါ ဒီလေ့ကျင့်ခန်းလေးကို ဖန်တီးလို့ ရပါတယ်.. ကျနော်စမ်းကြည့်ပြီးသားပါ..။ ဒီပိုစ့်နဲ့အတူ အရင်တုန်းက တင်ပေးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကိုပါ PDF ဖိုင်လေးတွေနဲ့ ပြန်ထုတ်ပေးလိုက်ပါတယ်..။ အားလုံးကို တစုတစည်းထဲ အင်တာနက်လိုင်း မရှိလည်းပဲ လေ့ကျင့်လို့ အဆင်ပြေအောင်လို့ပါ.. ဒီစာအုပ်လေးတွေ ဖတ်နိုင်ဖို့ Foxit Reader လေးကိုလည်း မရှိသေးတဲ့သူများ ဒီလင့်ကနေ ဝင်ယူလိုက်ပါ.. အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စပါပြီ..

Photoshop ဖြင့်ဓါတ်ပုံများကို အရိပ်ထွက်အောင် ဖန်တီးခြင်း


ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ.. ဆော့ဝဲလ်တွေပဲ အများဆုံး တင်ပေးဖြစ်နေတာ.. ဒီနေ့တော့ Photoshop လေ့ကျင့်ခန်းလေးတွေ မျှော်လင့်နေတဲ့ သူငယ်ချင်းများအတွက် လေ့လာလို့ အဆင်ပြေမယ့်.. လွယ်ကူ၊ ရှင်းလင်းမယ့် နည်းလမ်းလေးကို စဉ်းစားရင်း.. ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့ ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ စာတွေအများကြီး ရေးမနေတော့ပါဘူး.. အောက်ကပုံလေးတွေ အတိုင်းသာ လိုက်လုပ်ကြည့်ကြပါဗျာ.. တဆင့်ချင်းစီပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း နောက်တင်မယ့် ပိုစ့်မှာ PDF ဖိုင်နဲ့  စုပြီးပြန်လည် ထုတ်ပေးသွားပါအုန်းမယ်..

Easeus Data Recovery Wizard Free Edition 5.6.1

 5 Oct 12, 09:41 PM
zaw htet: အကိုရေ window defender ကို usb ထဲထည့်ထားတယ် ဒါပေမယ့် usb ထဲကပုံတွေ သီးချင်းတွေပျောက်ကုန်တယ် မတွေ့တော့ဘူး ပြောပြပေးပါနော် အားလုံး ပျောက်ကုန်တာ
Windows Defender လို၊ Windows7 လို Bootable တွေ USB ထဲထည့်မယ်ဆိုရင် မိမိတို့ရဲ့ USB ထဲမှာရှိနေတဲ့ Data တွေကို တနေရာရာမှာ အရင်သိမ်းထားပြီးမှ USB Bootable လုပ်ရမှာပါ.. ဒီတခုကို အားလုံးပဲ သတိပြုသင့်ပါတယ်.. ဘာလို့လဲဆိုတော့.. USB Bootable ဖြစ်အောင်လုပ်တဲ့ အခါမှာ မိမိတို့ USB ထဲမှာ ရှိနေတဲ့ Data တွေကို အရင်ဆုံး Bootable ဆော့ဝဲလ်တွေက Format လုပ်ပစ်လိုက်လို့ပါပဲ..  ဒီကောင်လေးကတော့ တော်တော်များများကို Recovery ပြန်လုပ်ပေးနိုင်ပါတယ်.. Emergency (အရေးပေါ်) အသုံးပြုလို့ ရအောင် ဖရီးပေးထားတဲ့ ကောင်လေးပါ.. အရေးပေါ်သုံးဖို့ ထုတ်ပေးထားတာ ဖြစ်တဲ့ အတွက် 1GB ထိပဲ ဖိုင်တွေကို ပြန်ရှာပေးပါလိမ့်မယ်.. 1GB ထက်ကျော်နေရင်တော့ ဒီကောင်လေးကို ဖရီးသုံးလို့ မရတော့ပါဘူး.. မနေ့က Cbox မှာ ရေးထားတဲ့ ကိုzaw htet လို အရေးပေါ် အသုံးလိုတဲ့ သူတွေအတွက် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်.. သူ့ရဲ့မူရင်းဆိုဒ်မှာ ရေးထားတာလေးကို ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
USB Drive Data Recovery Software
Since most of the above things may cause data loss in USB flash drive, it is a must or good way to keep a free USB flash data recovery software for emergency.
EaseUS Data Recovery Wizard Free Edition, compatible with Windows 2000/XP/2003/Vista/2008/Windows 7, can recover lost files due to deletion, format, raw partition, virus attack, system crash etc. from USB Drive, external hard drive, hardware RAID, hard drive, SD card, memory card, etc.
ဓါတ်ပုံတွေ သီချင်းတွေကို 1GB ထက်မကျော်ပဲ ဒီကောင်လေး ပြန်ရှာပေးပါလိမ့်မယ်..။ ဟိုအရင်တုန်းကလည်း Data Recovery ဆော့ဝဲလ်တွေ တင်ပေးထားတာ ရှိပါတယ်.. လိုအပ်တဲ့သူများ  ကျနော့် Blog ထဲမှာ ပြန်ရှာယူနိုင်ပါတယ်.. အောက်မှာ ဒီကောင်လေးကို ကျနော်စမ်းသုံးထားတာလေး အဆင်ပြေတာနဲ့ ပုံလေးတွေပါ ဖေါ်ပြပေးထားပါတယ်.. ကွန်ပျူတာကို ကျွမ်းကျင်စွာ မသုံးတတ်သေးတဲ့သူများအတွက် ပုံလေးတွေ ကြည့်ပြီး လုပ်လို့ အဆင်ပြေအောင်လို့ပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.5 MB ရှိပါတယ်..

Malwarebytes Anti-Malware PRO 1.65.0.1400 - Final

 ဒီကောင်လေးကို ကျနော့်စက်မှာ အသုံးလိုလို့လိုက်ရှာရင်း ရလာတာလေးပါ.. ခုတလော ကျနော့်စက်က ဘယ်လိုပဲလုပ်လုပ် လေးနေတာ.. လုပ်နည်းလည်း တော်တော်စုံနေပြီ.. အကြာကြီး မစောင့်နိုင်တဲ့ အတွက် Rescue Disk တွေနဲ့ မလုပ်ချင်လို့ တခြားမြန်မယ့် ပရိုဂရမ်လေးတွေ လိုက်ရှာနေတာ.. သုံးလေးရက်လောက်ရှိနေပြီ.. ဒီနေ့တော့ ဒီကောင်လေးနဲ့ အဆင်ပြေသွားပါတယ်.. ကျနော်တို့ စက်တွေကို ထစ်အောင်၊ လေးအောင် လုပ်တတ်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ Anti Malware တွေကို ဒီကောင်လေးက ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပါတယ်..။ အကြာကြီးလည်း စောင့်နေစရာမလို ၁၅မိနစ်လောက်ဆို ရပြီ.. Malwarebytes Anti-Malware PRO Final နောက်ဆုံးထွက်လေးပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. အောက်မှာတော့ ကျနော်သုံးထားတာကို မလုပ်တတ်သေးတဲ့ သူများအတွက် အဆင်ပြေအောင် ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီကောင်လေးကို ကျနော်သုံးတဲ့ အတိုင်း သုံးပြီးတဲ့အခါ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ရင် Malware တွေကြောင့် ထစ်နေ၊ လေးနေတဲ့စက်တွေ အခုကျနော့်စက်လို မြန်ဆန်သွက်လက်လာပါလိမ့်မယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..

သီချင်းတွေ ဖန်တီးဖို့ FL Studio 10 အသုံးပြုနည်း (မြန်မာလို)


2 Oct 12, 07:01 PM
nyinaing: အစ်ကိုလွင် ရေ ပြောရမှာ အားနာပါတယ် ဖြစ်နိင်ရင်ကူညီပါဗျာ ပူဆာတယ်လို မထင်ပါနဲ့ အစ်ကိုတင်ပေးထားတဲ့ FL Studio 10.09 Producer Edition လေးက ညီအရမ်းကြိုက်နေတယ် ဒါပေမဲ့ ညီမသုံးတတ်ဖူးဗျာ
2 Oct 12, 07:12 PM
nyinaing: ဖြစ်နိင်ရင်ကူညီပါနော် ကိုယ်ဘာသာကိုယ်လိုက်လုပ်တာလဲ ဘာမှမထူးခြားလာဘူး ကယ်ပါအုံးဂျာ စာအုပ်ရှိရင်လဲတင်ပေးပါနော် ဒါမှမဟုတ် စာအုပ်မရှိရင်လဲ လုပ်ပုံလုပ်နည်းလေတော မစပါ ညီအဆိုတော်ဖြစ်ရင် အစ်ကိုယ်မမေ့ပါဘူးဟဲဟဲ
ဒီစာအုပ်လေးကို တောင်းထားတဲ့လူရှိလို့.. ကျနော့်မှာလည်း အဆင်သင့် သိမ်းထားတာလေးရှိနေလို့ တင်ပေးလိုက်ပါတယ်..။ ဒီစာအုပ်လေးကို ရေးပေးတဲ့ စာရေးဆရာနဲ့ PDF ဖိုင်အဖြစ် ပြန်လည်ဖန်တီးပေးထားတဲ့ စေတနာရှင်ကို အသုံးပြုသူတွေက ကျေးဇူးတင် လေးစားရမှာပါ.. ဒီစာအုပ်လေးနဲ့ အတူ လေ့ကျင့်လို့ရအောင် ကျနော်ဒီဆော့ဝဲလ်ကို တင်ပေးထားတာရှိပါတယ်.. ဆော့ဝဲလ်ကို လိုအပ်တဲ့သူများ ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.2 MB ရှိပါတယ်.. သူငယ်ချင်းတစ်ယောက်က တချို့ဖိုင်တွေ.. ဒေါင်းလော့လင့်တွေ ပျက်ကုန်ပြီပြောလာလို့  နောက်ပိုင်းမှာတော့ ကျနော် ဖရီးမပေးတဲ့ ဆော့ဝဲလ်တွေကို ကြာကြာခံအောင် adfly စာမျက်လေး ကြားမှာ ထည့်သွားမှာပါ.. ဒီပိုစ့်မှာလည်း ဒီစာအုပ်လေး ကြာကြာခံအောင်လို့ adfly စာမျက်နှာလေး ကြားခံထားပါတယ်..

Blue Moon Animated Wallpaper


Animated Wallpaper နောက်တမျိုးပါ..။ ရထားတာတွေတော့ အများကြီးပါပဲ.. အားလုံးကို တင်မပေးတော့ပါဘူး.. ဒီနေ့တင်ပေးလိုက်တဲ့ Animated Wallpaper တွေနဲ့ Screensaver လေးတွေကို မိမိတို့ စိတ်ကြိုက် ဒေါင်းယူပြီး အသုံးပြုနိုင်ပါတယ်.. Install ဆွဲတဲ့ အခါမှာလည်း ဒီကောင်လေးတွေကို တင်ပေးထားတဲ့ မူရင်းဆိုဒ် ပေါ်လာမှာမို့ မိမိတို့ နောက်ထပ်အလိုရှိတဲ့ Animated Wallpaper တွေနဲ့ Screensaver တွေကို သူ့ရဲ့မူရင်းဆိုဒ်မှာ ဒေါင်းယူနိုင်ပါတယ်..။ ဒီမှာတော့ ကျနော်စမ်းကြည့်ပြီးတဲ့ထဲက အလန်းလေးတွေကို ရွေးပြီး ပြန်တင်ပေးထားတာပါ..။ ဒီကောင်လေးက ဒီပေါ်က ပုံလေးအတိုင်း မိမိတို့ရဲ့ Desktop ပေါ်မှာ ငှက်တွေပြန်ရင်း ရေတွေလှုပ်ရင်း ပေါ်နေမှာပါ..။ Install ဆွဲထည့်ရင်လည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ပါ.. ဒါဆိုရင် အသုံးပြုရ အဆင်ပြေသွားပါပြီ.. ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..

Bright Water Animated Wallpaper


ဒါလေးက Animated Wallpaper နောက်တမျိုးပါ.. ပုံမှာမြင်နေရတဲ့ အတိုင်း ရေလှိုင်းလေးတွေ လှုပ်ရှားနေပါလိမ့်မယ်.. ဒီကောင်လေးကိုလည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ပါ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.2 MB ရှိပါတယ်..

Relaxing Rain Animated Wallpaper


ဒီကောင်လေးက နောက်တမျိုး Animated Wallpaper လေးပါ.. Relaxing Rain Screensaver လေးနဲ့ ပုံစံအတူတူပါပဲ.. Wallpaper လေးဖြစ်တဲ့ အတွက် မိမိတို့ Desktop မှာ ဘာပဲလုပ်နေနေ ဒီကောင်လေးက နောက်မှာ လှုပ်ရှားနေမှာပါ.. ဒီကောင်လေးလည်း တမျိုးလန်းနေပါတယ်..။ ဒီ Animated Wallpaper လေးကိုလည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ရင် ဒီကောင်လေးကို အပြည့်အဝ သုံးလို့ ရသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.2 MB ရှိပါတယ်.. 

Relaxing Rain Screensaver


ဒါလေးက Screensaver နောက်တမျိုးပါ.. မိုးတွေရွာရင်း လှိုင်းတွေထရင်း လှုပ်ရှာသက်ဝင်နေတဲ့ ဒီဇိုင်းလေး တမျိုးပါပဲ.. Screensaver အလန်းလေတွေ တမျိုးပြီး၊ တမျိုး ပြောင်းသုံးချင်တဲ့ သူများအတွက် ရှာဖွေထားတဲ့ ထဲက အလန်းလေးတွေကို တနေ့ထဲ အပြီးတင်ပေးလိုက်ပါတယ်.. နောက်ရက်တွေ အလုပ်မရှုပ်ချင်လို့ပါ.. ဒီကောင်လေးကိုလည်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.8 MB ရှိပါတယ်..

Sunshine Clouds Animated Wallpaper


Sunshine Clouds Animated Wallpaper လေးပါ..။ Screensaver လေးတွေက ၁မိနစ်၊ ၂မိနစ် စက်ကိုမထိမှ ပေါ်လာတာပါ..။ Wallpaper လေးတွေကျတော့ မိမိတို့ စက်မှာ ဘာတွေပဲလုပ်လုပ် Wallpaper လေးတွေက Desktop ပေါ်မှာ လိပ်ပြာလေးတွေ ပျံဝဲရင်း လှုပ်ရှားသက်ဝင်နေတာပါ.. ဒါကြောင့် Wallpaper တွေက တမျိုးပိုလန်းနေပါတယ်..။ ဒီ Animated Wallpaper လေးက တစ်မိနစ်တမျိုး ပြောင်းနေပါလိမ့်မယ်.. Sunshine Clouds Screensaver နဲ့ ပုံမတူအောင်လို့ ဒီအပေါ်က ပုံလေးကို ရွေးပေးလိုက်တာပါ.. တစ်မိနစ်တခါပြောင်းတဲ့ ပုံလေးတွေထဲမှာ ဒီအပေါ်က ပုံလေးလည်း ပါပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.2 MB ရှိပါတယ်..

Sunshine Clouds Screensaver


Screensaver လေးတွေ လိုက်ရှာရင်း စမ်းသပ်ရင်း အဆင်ပြေတာလေးတွေ တင်ပေးလိုက်ပါတယ်..။ နောက်ထပ်အများကြီး ရှာတွေ့ထားပါတယ်.. အဲ့ထဲကမှ ဒါလေးတွေကို အရင်တင်ပေးတာပါ.. ဒီ Screensaver လေးကို Right Click >> Run as administrator နဲ့ Install ဆွဲပေးလိုက်ပါ.. Screensaver ဘောက်စ်ပေါ်လာရင် ၃မိနစ်၊ ၅မိနစ် စသဖြင့် ရွေးပေးပြီး Apply >> OK ပေးလိုက်ပါ..။ ပုံမှာ မြင်ရတဲ့အတိုင်း လိပ်ပြာလေးတွေ ပျံဝဲနေတဲ့ Screensaver လေးတခု မိမိတို့စက်မှာ ပေါ်လာပါလိမ့်မယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.6 MB ရှိပါတယ်..

3D Realistic Fireplace Screensaver v3.9.2



ဒါလေးက Screensaver နောက်တမျိုးပါ.. 3D နဲ့ မြင်ရမှာဖြစ်တဲ့ အတွက် တကယ့်မီးဖိုတခုလိုပါပဲ.. မီးတောက်အနည်း၊အများနဲ့ ဘေးဘောင်ဒီဇိုင်းလေးတွေကို လိုသလို ပြုပြင်ယူလို့ ရပါတယ်.. နောက်ပြီးမီလောင်နေတဲ့ အသံလေးတွေပါ ကြားနေရမှာ ဖြစ်ပါတယ်.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..

Snow Falling In The Forest Screensaver



ဒီကောင်လေးကတော့ ပုံမှာမြင်နေရတဲ့အတိုင်း မိမိတို့စက်မှာ ပေါ်လာမယ့် Screen Saver လေးပါ..။ နှင်းမှုံလေးတွေ ကျနေတဲ့.. ကြည့်ရတာ တမျိုးလေး လန်းနေတဲ့ ဒီဇိုင်းလေးပါ.. ဒီကောင်လေးကို Right Click >> Run as administrator နဲ့ Install ဆွဲထည့်ပါ.. အောက်မှာ ကျနော် ပုံလေးနဲ့ပါ ပြပေးထားပါတယ်.. ကွန်ပျူတာ စကိုင်းစသူများအတွက် အသုံးပြုရ အဆင်ပြေအောင်လို့ပါ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.2 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...