DLL-Files Fixer 2.9.72.2589 Final


DLL-Files Fixer လေးကို အရင်တုန်းကလည်း တင်ပေးဖူးပါတယ်..။ တော်တော်ကြာပါပြီ..။ အဲ့ဒီတုန်းက ဗါးရှင်းက 2.7.72.2072 ဗါးရင်း.. patch နဲ့ ဖူးလုပ်ပြီး အသုံးပြုရတဲ့ ကောင်လေးပါ..။ အခုဒီဗါးရှင်းကတော့ နောက်ဆုံးထွက် DLL-Files Fixer 2.9.72.2589 Final ဗါးရှင်းလေးပါ..။ အရင်တုန်းက Cbox မှာ အစ်ကိုတစ်ယောက်လည်း DLL-Files Fixer လေးပြန်တင်ပေးဖို့ တောင်းထားဖူးပါတယ်..။ ဖိုင်အဟောင်းတွေ ပြန်ရှာမတွေ့တော့လို့ မတင်ပေးဖြစ်ခဲ့ပါ..။ ဒီနေ့ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ရလာလို့ တခြားလိုအပ်တဲ့ သူများလည်း အသုံးပြုလို့ ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဘာအတွက် အသုံးပြုလဲဆိုတော့.. ကျနော်တို့ ဆော့ဝဲလ်တွေ၊ ဂိမ်းတွေ ကွန်ပျူတာထဲကို Install ထည့်တဲ့အခါ တချို့စက်တွေမှာ .dll (ဥပမာ။။ msvcp100.dll) ဆိုတဲ့ ဖိုင်မျိုးလေးတွေ လိုနေတတ်ပါတယ်..။ အဲ့လို .dll ဖိုင်တခုလိုနေတာနဲ့ Install ထည့်လိုက်ပြီးတဲ့ ဆော့ဝဲလ်ကို အသုံးပြုလို့ မရတော့ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ ဒီကောင်လေးက အသုံးဝင်ပါတယ်..။ အင်တာနက်ကနေ သူ့ရဲ့မူရင်းဆိုဒ်မှာ လိုက်ရှာဒေါင်းယူပြီး မိမိတို့ စက်ထဲကို ထည့်ပေးနိုင်တဲ့ DLL-Files Fixer လေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.2 MB ရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်ပြီး ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ တခါတည်း အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း ပေါ်လာရင် Stop Scan ကို နှိပ်ပြီး ကြတ်ခြေခတ်မျှားအနီနဲ့ ပိတ်ပစ်လိုက်ပါ..။ ကျနော်တို့ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်ကို အရင် ထည့်ပေးရမှာပါ..။



crack ဖိုင်ထည့်နည်းကလည်း အရင်ပိုစ့်တွေမှာ လုပ်ပြထားပြီးသားမို့ အများကြီး မပြတော့ ၊ မရေးပေးတော့ ပါဘူး..။ အားလုံးလည်း လုပ်တတ်နေလောက်ပြီလို့ ထင်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ 




Apply >> OK ပေးလိုက်ရင်တော့ ဒီကောင်လးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း ဒီကောင်လေးကို ၂ချက်တောက်ဖွင့်ပြီ.. မျှားပြထားတဲ့ Install DLL Files နေရာကို နှိပ်ပါ..။


အောက်ကပုံအတိုင်း အစိမ်းရောင် အကွက်လေးထဲမှာ မိမိတို့ လိုအပ်တဲ့ dll ဖိုင်နာမည်ကို ရိုက်ထည့်ပါ..။ ပြီးရင်တော့ Search DLL-Files.com ကိုနှိပ်ပေးလိုက်ပါ..။ 



အပေါ်ပုံအတိုင်း ပေါ်လာတဲ့ စာသားနေရာကို ဆက်နှိပ်ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း မိမိတို့ လိုအပ်တဲ့ dll ဖိုင်လေးကို ဒေါင်းယူပြီး သူ့အလိုလို မိမိတို့ စက်ထဲကို Install ထည့်ပေးပါလိမ့်မယ်..။ ခဏစောင့်နေပေးလိုက်ပါ..။ 


dll ဖိုင်လေးကို ဒေါင်းယူပြီ.. မိမိတို့ စက်ထဲကို ထည့်ပေးပြီးသွားရင်တော့ အပေါ်မှာ မြင်နေရတဲ့ ဘောက်စ်လေး မရှိတော့ပါဘူး..။ ဒါဆိုရင်တော့ ဒီကောင်လေးကို ပိတ်ပစ်လိုက်လို့ ရသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။

1 comment:

  1. Avant browser 2013 build ဆိုတဲ့ software ကိုပဲ​ဒေါင်းခိုင်း​နေတယ်​3😞

    ReplyDelete

Related Posts Plugin for WordPress, Blogger...