EximiousSoft Logo Designer v3.30 Final



ဒီကောင်လေးက Logo Designer လေး.. ကျနော်တို့ပြုလုပ်ချင်တဲ့ ဒီဇိုင်း Logo ပုံအမျိုးမျိုးကို ပြုလုပ်ဖန်တီးယူလို့ ရတဲ့ EximiousSoft Logo Designer v3.30 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးမှာ မြန်မာစာပါ ရေးလို့ရပြီး.. Reflection လို့ခေါ်တဲ့ စာလုံးအောက်မှာ ပေါ်နေစေမယ့် ရောင်ပြန်လေးတွေနဲ့ ပုံရိပ် Shadow လေးတွေကိုပါ အလွယ်တကူထည့်ပြီး အသုံးပြုလို့ရတဲ့အတွက် မိမိတို့ဖန်တီးလိုက်တဲ့ ဒီဇိုင်းပုံလေးတွေကို ပိုမိုလှပစေပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးထဲမှာ Logo အတွက် ပုံအမျိုးမျိုးနဲ့ ဒီဇိုင်းအမျိုးမျိုးပါတာမို့ အသုံးပြုလိုတဲ့ သူများကတော့ ဒေါင်းလော့လင့်တွေ မပျက်ခင် အမြန်သာ ဒေါင်းယူထားလိုက်ပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ကျနော်အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖူးသုံလို့ရအောင် ဒီကောင်လေးကို patch ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။ IDM patch ထည့်နည်းနဲ့ အတူတူပဲမို့ patch ဖိုင်ထည့်တာကိုတော့ ပုံတွေနဲ့ မပြတော့ပါဘူး..။ အသုံးပြုတတ်အောင်ကိုပဲ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူမျာကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 13.4 MB ရှိပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။



အပေါ်ကပုံကတော့ ကျနော် Save လုပ်ထားတဲ့ ပုံလေးပါ..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပြီ.. အောက်ကပုံအတိုင်း Patch နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် အသုံးပြုလို့ ရသွားပါပြီ..။


patch ဖိုင်ထည့်ပြီးလို့ ဒီကောင်လေးကို အသုံးပြုမယ်ဆိုရင်တော့ Desktop က ဒီကောင်လေးရဲ့ Icon လေးကို ၂ချက်တောက်ဖွင့်လိုက်ပါ..။ အောက်ကပုံအတိုင်း ပေါ်လာရင် မိမိတို့ အသုံးပြုလိုတဲ့ Logo တခုကို ရွေးယူလိုက်ပါ..။ ကျနော်ကတော့ အောက်မှာ ပြထားတဲ့ ပုံလေးနဲ့ လုပ်ပြထားပါတယ်..။


မိမိတို့ ရေးလိုတဲ့ စာတွေကို အောက်ကပုံအတိုင်း ရေးလို့ ရပါပြီ..



English စာလုံးပေါ်မှာလည်း ၂ချက်တောက်ပြီး မြန်မာစာ ပြောင်းရေးလို့ ရပါသေးတယ်..။ အပေါ်ပုံ..
မိမိတို့ ထည့်လိုတဲ့ ပုံလေးတွေကို အောက်ကပုံအတိုင်း ကလစ်ပြီး ထည့်နိုင်ပါတယ်..




အပေါ်ပုံအတိုင်း ကျနော်ထည့်လိုက်တဲ့ ပုံလေးရောက်လာရင် မိမိတို့ ထားလိုတဲ့ နေရာကို မောက်စ်နဲ့ ဖိဆွဲပြီး ရွှေ့ထားလို့ ရပါတယ်..။
အောက်ကပုံကတော့ ဒီကောင်လေးထဲမှာပါလာတဲ့ တခြားပုံလေးတွေကို တခုချင်းစီလိုက်ပြီး ထပ်ထည့်လို့ ရပါသေးတယ်..။ ပြီးရင်တော့ Drop Shadow ကနေ ပုံလေးတွေကို အရိပ်လေးတွေ ထပ်ထည့်နိုင်ပါတယ်.. ။


အောက်ကပုံကတော့ Reflection ကနေ ကျနော်တို့ ရေးလိုက်တဲ့ မြန်မာစာလုံးတွေကို ရောင်ပြန်အမျိုးမျိုး ထည့်ပြီး ပြုပြင်ယူလို့ ရပါသေးတယ်..။


ဒီအောက်ကပုံကတော့ နောက်ခံ အရောင်အမျိုးမျိုးကို ပြောင်းယူလို့ ရတဲ့ ပုံလေးပါ..။


မိမိတို့ စိတ်ကြိုက်ဖြစ်လို့ ပုံတွေကို သိမ်းမယ်ဆိုရင်တော့ အောက်ကပုံအတိုင်း သိမ်းလိုက်လို့ ရပါပြီ..။




ကျနော်သိမ်းလိုက်ပြီးတဲ့ ပုံလေးက Desktop မှာ ရောက်နေပါပြီ..။ ၂ချက်တောက်ဖွင့်လိုက်ရင်တော့ အောက်ကပုံအတိုင်း မြင်နေရပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။



1 comment:

  1. အကို ရေ ညီ ကွန်ပျူတာ မှာ လုပ်ပြီးရင် save လို့ မရဘူး close program ပဲပေါ်နေတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...