Mortal Kombat 5 PC Game


ဒီဂိမ်းလေးကတော့ ကျနော်တို့ ငယ်ငယ်တုန်းက သဲကြီးမဲကြီးဆော့လာခဲ့တဲ့ ဂိမ်းလေးပါ..။ အခုပြန်ရှာတွေ့လာလို့ ကျနော်စမ်းကစားကြည့်ရင်း အဆင်ပြေတာနဲ့ ဂိမ်းကြိုက်တဲ့ သူများအတွက် ပြန်လည် တင်ပေးလိုက်ပါတယ်..။ အောက်ကပုံလေးအတိုင်း ဖိုင်ဖြည်ပြီးတာနဲ့ Play With Me ဖိုင်လေးကို ၂ချက်တောက်ပြီး တန်းကစားလို့ ရသွားပါပြီ..။ ဖိုက်တင်အတွက် ရှော့ကပ်ကီးတွေကတော့ ကီးဘုတ်မှ အပေါ်၊အောက် ဘေး၂ဖက် မျှားတွေနဲ့ Z-X-C-V ကီးတွေပဲ အများဆုံး အသုံးပြုရပါတယ်..။ လက်လေးဖက်၊ နင်ဂျာ၊ ဘရုစလီ၊ ဆုံးမ၊ သရဲ အများကြီးပါပဲ..။ အားရပါးရကစားလို့ ဖိုက်လို့ရပါတယ်..။ ရှော့ကပ်ကီးတွေနဲ့ ပါဝါတွေပါ ပစ်လွှတ်လို့ ရတဲ့အတွက် ပိုပြီး ကစားလို့ ကောင်းပါတယ်..။ ကျနော်လည်း အခုမှ PC မှာ ထည့်ကစားတာ ဖြစ်လို့ ရှော့ကပ်ကီး အားလုံးကို မသိသေးပါ..။ ကွန်ပျူတာမှာ ကစားလို့ ရတဲ့အတွက် တင်ပေးလိုက်ခြင်းသာ..။ ကျန်တဲ့ကီးတွေ အားလုံးကို သိဖို့ကတော့ ကစားလိုတဲ့လူပဲ လိုက်ရှာကြည့်လိုက်ပါ..။ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 55.6 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။



ဖိုင်ဖြည်ပြီးတာနဲ့ အောက်မှာပြထားတဲ့ ဖိုင်လေးကို ၂ချက်တောက်ပြီး ကစားလို့ ရပါပြီ..။


အပေါ်အောက် လိုင်းတွေကို ကီးဘုတ်မှ မျှားတွေနဲ့ ရွှေ့ပြီး Enter ခေါက်သွားလိုက်ပါ..။



အောက်ကပုံအတိုင်း အစိမ်းကွက်လေးနဲ့ မိမိကစားလိုတဲ့ အရုပ်ကို ရွေးယူဖို့ Enter ခေါက်လိုက်ရင် ကစားလို့ ရသွားပါပြီ..။



1 comment:

  1. I Can't download.
    Please you Check this Link.
    Thank/................

    ReplyDelete

Related Posts Plugin for WordPress, Blogger...