Nero Platinum 12.0.03500 Multimedia Suite

 Nero Platinum 12 ကို ဖူးသုံးလို့ ရအောင် ကျနော် ဒီဒေါင်းလော့ဖိုင်ထဲမှာ Instruction ကို Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ်..။ စာဖတ်ယုံနဲ့ နားမလည်နိုင်တဲ့ သူများအတွက်တော့ အောက်မှာ ပုံလေးတွေနဲ့ပါ တဆင့်ချင်းစီ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ အရင်ဆုံး မိမိတို့ စက်ထဲမှာ အရင်က သုံးထားတဲ့ Nero ဆော့ဝဲလ်တွေ ရှိနေတယ်ဆိုရင် Uninstaller တခုခုနဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ ဒီ Nero Platinum 12 ကို Install ထည့်ပြီးသွားရင်တော့ အရင် Nero Burning ROM 12 ၊ Nero Video 12 အပြင် တခြား ပရိုဂရမ်တွေပါ ထပ်ပါလာမို့ အားလုံးပေါင်း ပရိုဂရမ် ၆-ခု ရရှိမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Your Uninstaller ဆော့ဝဲလ်လေးကို အသုံးပြုပြီး အရင်က ကျနော်ထည့်သုံးထားတဲ့ Nero Burning Rom 12 ကို ထုတ်ပြထားပါတယ်..။ Your Uninstaller ကို မသုံးတတ်သေးတဲ့ သူများပါ တခါတည်း သုံးတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်ရင် တခါတည်း ဒီပိုစ့်ကနေ Your Uninstaller ဆော့ဝဲလ်ကိုပါ ဒေါင်းလော့ ယူထားလိုက်ပါ..။ အရင်က ကျနော်တင်ပေးထားခဲ့တဲ့ Your Uninstaller ရဲ့ အသုံးပြုပုံ အပြည့်အစုံကို ဒီလင့်ကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီ Nero Platinum 12 နဲ့ ကျနော်တို့ DVD အခွေတွေကို Password တွေ ထည့်ပြီး စိတ်ကြိုက် ပြုပြင်ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အသေးစိတ် အသုံးပြုပုံ Video တွေကို သူ့ရဲ့ မူရင်းဆိုဒ်မှာ ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီ Nero Platinum 12 ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 307 MB ရှိတဲ့အတွက် အပိုင်းသုံးပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းလုံး ဒေါင်းယူပြီးတဲ့အခါ အပိုင်းတစ်ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့ အပိုင်းတွေပါ လိုက်ပြည်သွားပါလိမ့်မယ်..။ ပုံတွေများနေတဲ့အတွက် ဖိုင်ဖြည်တာကိုတော့ မပြပေးတော့ပါဘူး..။ အရင်တုန်းက ပိုစ့်တွေအတိုင်းပါပဲ..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


 ကျနော့်စက်ထဲမှာ ပရိုဂရမ်တွေ များနေတဲ့အတွက် Nero ဗါးရှင်းအဟောင်းကို အောက်ကပုံလေးအတိုင်း Your Uninstaller ရဲ့ Search နေရာမှာ ရိုက်ထည့်ပြီး ပုံမှာ ပြထားတဲ့အတိုင်း ထုတ်ပစ်ပါတယ်..။ ဒီနေရာမှာ ဘာကြောင့် Your Uninstaller ကို သုံးတာလဲဆိုတော့ Nero ဗါးရှင်းအဟောင်းတွေထဲမှာ ရှိတဲ့ Registry တွေကိုပါ တခါတည်း အကုန်ပါသွားအောင်လို့ပါ..။ ဒါမှ နောက်ဗါးရှင်းကို ဖူးလုပ်ပြီးသုံးတဲ့ အခါ အဆင်ပြေမှာပါ..။ Advanced Uninstaller နဲ့လည်း အသုံးပြုနိုင်ပါတယ်..။ အဓိက က သူ့ရဲ့ Nero ဗါးရှင်းအဟောင်း ထဲက Registry ကီးတွေကို ထုတ်ပစ်ပေးနိုင်ဖို့ပဲ..။ ကျနော် အောက်ကပုံလေးတွေ အတိုင်း Nero ဗါးရှင်းအဟောင်းကို အရင်ထုတ်ပစ်ပါတယ်..။







အပေါ်ကပုံလေးတွေ ကြည့်ပြီး နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။ စာတွေ အများကြီး မရေးပေးတော့ပါဘူး..။ Completed နဲ့ Finish စာသားပေါ်လာရင် Notepad လေးနဲ့ ရေးထည့်ပေးထားတဲ့ Install.Notes အတိုင်း ကျနော်တို့ (C:) ထဲက Nero ဖိုဒါလေးကို သွားပြီး Delete နဲ့ အရင်ထပ်ဖျက်ပေးလိုက်ပါ..။ ပြီးရင်တော့ အင်တာနက် လိုင်းကို ပိတ်ထားလိုက်ပါ..။ ဖူးဖြစ်တဲ့အချိန်ထိ ပိတ်ထားရမှာပါ..။ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။

အောက်ကပုံလေးတွေ အတိုင်း (C:) ထဲက Nero ဖိုဒါလေးကို Delete နဲ့ သွားဖျက်ပါတယ်..။

 



Nero ဗါးရှင်း အဟောင်းရဲ့ ဖိုဒါလေးကို ဖျက်ပြီးသွားရင်တော့ ပိုပြီးသေချာအောင် တခါတည်း Recycle Bin ထဲက အမှိုက်တွေကိုပါ ထပ်ဖျက်ပစ်လိုက်ပါတယ်..။ အပေါ်ပုံအတိုင်းပါ..။ ပြီးသွားရင်တော့ ဒေါင်းလော့ဖိုဒါထဲက Nero Platinum 12 ကို ၂ချက်တောက်ပြီး  Install စထည့်ပါပြီ..။ အင်တာနက်ကို ပိတ်ထားဖို့ မမေ့ပါနဲ့..။ လုံးဝပိတ်ပေးထားပါ..။ နောက်တခုက patch ဖိုင်လေးပါတဲ့အတွက် Antivirus တွေကို ပိတ်ထားပြီးမှ ဖိုင်ဖြည်ပါ..။ မဟုတ်ရင်တော့ patch ဖိုင်ကို Antivirus ကဖျက်ပစ်မှာမို့ ရှာလို့ တွေ့မှာ မဟုတ်တော့ပါ..။




အပေါ်ပုံအတိုင်း Restart တောင်းလာခဲ့ရင် Yes ပေးပြီး စက်ကို Restart ပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ Nero Platinum 12 ကဆက်ပြီး Install ဝင်ပါလိမ့်မယ်..။ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။  အောက်မှာ ပြထားတဲ့ ကီးတွေကို Notepad ထဲက ကီးတွေနဲ့ ပြောင်းထည့်ပေးလိုက်ပါ..။ ပြီးရင် Next နှိပ်ပါ..။


အောက်ကပုံလေးအတိုင်း Install ထည့်တဲ့ နေရာမှာပဲ Nero Update ကို သွားပိတ်ပေးလိုက်ပါ..။ 



Nero Update ပိတ်ပြီးသွားရင်တော့ Ok နဲ့ Install ကို အောက်ကပုံလေးအတိုင်း ပြင်ဆင်ပြီး ထပ်နှိပ်ပေးလိုက်ပါတယ်..။ 





အပေါ်ပုံလေးအတိုင်း အမှန်ခြစ်လေးဖြုတ်ပြီး Finish ပေးလိုက်ရင်တော့ ဒီ Nero Platinum 12 ကို Install အပိုင်းပြီးသွားပါပြီ..။ အောက်မှာတော့ ဖူးသုံးလို့ ရအောင် crack နဲ့ patch ၂ခုထည့်ပေးရပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ 
အရင်ဆုံး crack ဖိုင်လေးကို အောက်ကပုံအတိုင်း Right Click >> Merge နှိပ်ပေးလိုက်ပါတယ်..။ ကျနော့်စက် 64-bit ဖြစ်တဲ့အတွက် x64 ဆိုတဲ့ crack ဖိုင်လေးကို အသုံးပြုပါတယ်..။ 32-bit စက်တွေမှာတော့ x86 ဖိုင်ကို အသုံးပြုပေးပါ..။




အပေါ်ကအတိုင်း Yes >> OK ပေးလိုက်ရင်တော့ crack ဖိုင်ထည့်လို့ ပြီးသွားပါပြီ..။ ပြီးရင်တော့ patch ဖိုင်ကို အောက်ကပုံအတိုင်း (C:) ထဲမှာ သွားပြီး Nero ဖိုဒါထဲထိ သွားထည့်ပေးရအုန်းမှာပါ..။  ဆက်ကြည့်ပါအုန်း..။ IDM patch ဖိုင်ထည့်နည်းနဲ့ အတူတူပါပဲ..။


patch ဖိုင်ကို အောက်ကပုံအတိုင်း ထည့်ပြီး ဆက်လုပ်ပေးလိုက်ပါ..။  C:\Program Files\Common Files\Nero    - OR -   C:\Program Files (x86)\Common Files\Nero ထဲထိ ရောက်အောင်ဝင်ရှာပြီး patch ထည့်ပေးပါ..။



အပေါ်ပုံအတိုင်း PATCHING DONE ဆိုရင်တော့ ဒီ  Nero Platinum 12 ကို ဖူးသုံးလို့ ရသွားပါပြီ..။ ပြီးသွားရင်တော့ အောက်ကပုံအတိုင်း Nero 12 ၂ချက်တောက်ပြီး ဖွင်တဲ့အခါ အင်တာနက်ပိတ်ထားလို့ ဒီအတိုင်းပေါ်ပါတယ်..။ ဒါကြောင့် အင်တာနက်ကို ပြန်ဖွင့်ပြီးမှ ဒီကောင်လေးကို ၂ချက်တောက် ဖွင့်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ အောက်ဆုံးပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါ..။


အင်တာနက်ချိတ်ပြီးရင်တာ့ အောက်ကပုံအတိုင်း ဖွင့်လို့ ရပါပြီ..။ အသုံးပြုလို့ ရသွားပါပြီ..။ အောက်ကပုံမှာ ပြထားတဲ့ Download Free Tool နေရာကို လုံးဝမနှိပ်နဲ့ ..။ 




အခွေတွေ Burn မယ်ဆိုရင်တော့ အပေါ်ကပုံအတိုင်း Nero Express >> Start ကနေ နှိပ်ပြီး ဖွင့်လို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း ပေါ်လာရင်တော့ အမှန်ခြစ်ပေးပြီး Ignore နဲ့ ကျော်လိုက်ပါ..။ ဘယ်တော့မှ ဒီကောင်လေးကို Update မလုပ်ပါနဲ့..။ Update လုပ်လိုက်တာနဲ့ ဒီဗါးရှင်းကို ဖူးသုံးလို့ မရတော့ပါဘူး..။ အားလုံးပဲ သတိပြုပေးပါ..။



အပေါ်က အောက်ဆုံးပုံကတော့ CD/DVD ခွေတွေကို Password နဲ့ Burn လို့ရတဲ့ နေရာလေးပါ ပြပေးလိုက်ပါတယ်..။ အားလုံးပဲ မူရင်းဆိုဒ်က Video လေးတွေ ကြည့်ပြီး အသုံးပြုပုံကို လေ့လာကြည့်လိုက်ပါဗျ..။ အဆင်ပြေကြပါစေ..။

1 comment:

  1. ကျေးဇူးကိုဘယ်လိုတင်ရမလဲ မသိတော့ဘူး အစ်ကိုလွင်
    ကျေးဇူးအရမ်း....................တင်တယ်ဗျာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...