AutoPlay ဘောက်စ်ပေါ်အောင် လုပ်နည်းများ - Enable (or) Disable AutoPlay for All Users and for All Drives


မနေ့က ပိုစ့်တင်ပေးခဲ့တဲ့ AutoPlay ဘောက်စ်ပေါ်အောင်၊ အလုပ်လုပ်အောင် လုပ်နည်းကတော့ ဝင်းဒိုး အများစုမှာ အဆင်ပြေတဲ့ လုပ်နည်းပဲဖြစ်ပါတယ်..။ အခုဒီပိုစ့်မှာတော့ ကျနော် လုပ်နည်း ၄-မျိုးနဲ့ ပြပေးထားတာဖြစ်လို့ မိမိတို့အနေနဲ့ တနည်းစီကို စမ်းသုံးပြီးတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးပြန်တက်လာတဲ့ အခါ CD/DVD or USB တပ်ကြည့်ပါ..။ တနည်းနဲ့ အဆင်မပြေမှ နောက်တနည်းကို ပြောင်းသုံးပါ..။ ကျနော်စမ်းတဲ့ စက်မှာတော့ လုပ်နည်း(၃)နဲ့ အဆင်ပြေသွားပါတယ်..။ ဝင်းဒိုးတခုနဲ့တခု Error ဖြစ်ပေါ်ပုံချင်း၊ ဗိုင်းရပ်စ်ထိပုံချင်း မတူတဲ့အတွက် ကျနော်သုံးတဲ့၊ အဆင်ပြေတဲ့နည်းမှာ တခြားလူတွေအတွက် အဆင်ပြေချင်မှ ပြေမှာပါ..။ ဒါကြောင့် လုပ်နည်းတွေ ရှိသလောက် စုပြီး တင်ပေးလိုက်ပါတယ်..။ ဝင်းဒိုးရဲ့ Setting တွေထဲ အဆင့်ဆင့်မဝင်လိုတဲ့ သူများကတော့ ပထမနည်းနဲ့ ဒုတိယနည်းတွေကို အရင်သုံးကြည့်ပါ..။ နောက်ဆုံးနည်းဖြစ်တဲ့ လုပ်နည်း(၄)ကတော့ gpedit.msc လို့ အတိုကောက်ခေါ်တဲ့ Local Group Policy Editor ထဲမှာ ဝင်ပြောင်းပေးရမှာ ဖြစ်တဲ့အတွက်.. ၎င်း လုပ်နည်းကိုတော့ Windows 7, Vista တို့ရဲ့ဗါးရှင်းတွေဖြစ်တဲ့ ဝင်းဒိုး Ultimate And Professional ဗါးရှင်းတွေနဲ့ Windows 8 တွေမှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ တခြား ဝင်းဒိုးဗါးရှင်းတွေမှာ အသုံးပြုလို့ မရပါဘူး..။ ဒါကြောင့် လုပ်နည်းတွေ အများကြီးနဲ့ ပိုစ့်တင်ပေးလိုက်တာ ဖြစ်ပါတယ်..။ လုပ်လိုက်ဖို့ စာဖတ်ယုံနဲ့ မလွယ်တဲ့ သူများအတွက်ပါ အောက်မှာ လုပ်နည်းတခုစီတိုင်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။


လုပ်နည်း (၁) မှာ ဖိုင်တခုစီကို 1kb စီပဲ ရှိပါတယ်..။ AutoPlay ဘောက်စ်ပေါ်ချင်တာ ဆိုရင်တော့ အပေါ်ဆုံးတခုကို ဒေါင်းယူပြီး အောက်ကပုံလေးတွေ အတိုင်း Install ထည့်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..။ 
AutoPlay ဘောက်စ်တွေ ပျောက်ချင်တာ ဆိုရင်တော့ အောက်က ၂-ခုထဲက ကြိုက်ရာကို ရွေးသုံးပါ..။

လုပ်နည်း (၁)
To Enable AutoPlay for All Users 
Enable_AutoPlay.reg

To Disable AutoPlay for All Drives for All Users
Disable_AutoPlay_for_All_Drives.reg

To Disable AutoPlay for CD/DVD and Removable Media Drives for All Users
Disable_AutoPlay_for_Removable_Media_Drives.reg

တခုကိုပဲ Run ပေးရမှာ ဖြစ်ပြီး.. Run ပြီးတိုင်း စက်ကို Restart ချပေးပါ..။





<<>=====================<>>

ဒုတိယနည်းကတော့ Repair လုပ်ပေးရမယ့် တူးလေးပါ..။ ဒေါင်းယူပြီး Run ပေးလိုက်ပါ..။ ပြီးရင် စက်ကို Restart ချပေးလိုက်ပါ..။

လုပ်နည်း (၂)
Autoplay Repair Wizard ကို Microsoft ဆိုဒ်သို့ ဒီလင့်မှာ သွားယူပါ..။



<<>=====================<>>

တတိယနည်းမှာတော့ Registry Editor ထဲမှာ သွားပြင်ပေးရမယ့် နည်းလေးပါ..။

လုပ်နည်း (၃)
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer] 
(Default အောက်က စာကြောင်းတွေကို Delete နဲ့ ဖျက်ပစ်လိုက်ပါ..။)

အောက်ကပုံလေးအတိုင်း Search သို့မဟုတ် Run မှာ regedit လို့ ရိုက်ထည့်ပြီး Ok ပေးလိုက်ပါ..။ အပေါ်မှာ ပေးထားတဲ့ စာသားတွေအတိုင်း Registry Editor မှာ အောက်ကပုံလေးတွေ အတိုင်း သွားပြင်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..။ ဒီနည်းကတော့ ကျနော်စမ်းတဲ့ စက်မှာ အဆင်ပြေသွားတဲ့ နည်းပဲ ဖြစ်ပါတယ်..။ 



အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် ဝင်သွားပြီး နောက်ဆုံးပြထားတဲ့ ပုံအတိုင်း ဖိုင်တွေကို ဖျက်ပေးလိုက်ပါ..။




ကျနော်အသုံးပြုတဲ့ စက်မှာတော့ Default စာသားအောက်မှာ စာကြောင်းသုံးကြောင်းရှိပါတယ်..။ သုံးကြောင်းထက်ပိုရင်လည်း ပိုသလောက် အားလုံးကို ဖျက်ပစ်ရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း အဲ့ဒီစာကြောင်းတွေကို Delete နဲ့ ဖျက်ပစ်လိုက်ပါပြီ..။



Exit နဲ့ ထွက်ပြီး စက်ကို Restart ပေးလိုက်ပါ..။


<<>=====================<>>

Enable or Disable AutoPlay in the Local Group Policy Editor 
ဒီလုပ်နည်းကိုတော့ Windows 7, Vista တို့ရဲ့ဗါးရှင်းတွေဖြစ်တဲ့ ဝင်းဒိုး Ultimate And Professional ဗါးရှင်းတွေနဲ့ Windows 8 တွေမှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။

လုပ်နည်း (၄)

ဒီနည်းကတော့ User Configuration >> Administrative Templates >> Windows Components >> AutoPlay Policies အထိသွားပြီး ပြောင်းပေးရမှာပါ..။
အောက်ကပုံလေးတွေ အတိုင်း gpedit.msc လို့ Search or Run ဘောက်စ်မှာ ရိုက်ပြီး Ok/Enter ပေးလိုက်ပါ..။ 



အောက်ကပုံလေးအတိုင်း အဆင့်ဆင့် သွားပြီး Turn off Autoplay ကို ၂-ချက်တောက်ပြီး ခေါ်လိုက်ပါ..။ ပေါ်မလာရင် နောက်ထပ် ၂-ချက်ထပ်ခေါက်ပါ..။ ပေါ်လာရင်တော့ အောက်ဆုံးက ပုံလေးတွေ အတိုင်း ဆက်လုပ်ပေးလိုက်ပါ..။



Enabled >> All Drives >> Apply >> OK ပေးလိုက်ပါ..။


အောက်ကပုံမှာ ပြထားတဲ့ သုံးကြောင်းမြောက် စာကြောင်းကိုလည်း Enabled ဖြစ်အောင် အပေါ်ကနည်း အတိုင်း လုပ်ပေးလိုက်ပါ..။




Enabled စာသားတွေ ပြောင်းသွားရင်တော့ အပေါ်ကပုံအတိုင်း Exit နဲ့ ထွက်လိုက်လို့ ရသွားပါပြီ..။ ပြီးရင်တော့ စက်ကို Restart ပေးလိုက်ပါ..။ ဒီလုပ်နည်း ၄-နည်းထဲက မိမိတို့အတွက် တနည်းနည်းနဲ့ အဆင်ပြေပါစေ..။

1 comment:

  1. အဆင်ပြေသွားပါပီ အကို လုပ်နည်း(၃)နဲ့အဆင်ပြေပါတယ် ကျေးဇူးအများကြီးတင်ပါတယ် အရမ်းလဲလေးစားပါတယ် ကျွန်တော့မှာ pen drive ၃ ခုရှိပါတယ် အမြဲသုံးနေတဲ့ ၁ ခုကမရပါဘူး နောက် ၂ ခုကအဆင်ပြေပါတယ် ဘာဘဲဖြစ်ဖြစ်ပြောပြပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ ဒီထက်အောင်မြင်ပါစေ ကိုလွင်မင်ဗိုလ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...