18 Sep 13, 09:58 PM
ုကိုကို: ပါတ်စပေါ့လုပ်နည်းဒေါင်းမရလို့ကူညီပါဦ
ုကိုကို: ပါတ်စပေါ့လုပ်နည်းဒေါင်းမရလို့ကူညီပါဦ
ကျနော့် Blog မှာ တင်ပေးခဲ့တဲ့ ၃၊၄-လ နောက်ပိုင်းက ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကို ဒေါင်းယူလို့ ရမှာ မဟုတ်တော့ပါ..။ ကျနော်တို့က ဖရီး Upload ဆိုဒ်တွေမှာ တင်ပေးတာ ဖြစ်တဲ့အတွက် သူတို့ ဖျက်ပစ်လိုက်တဲ့ နောက်ပိုင်းမှာ ဖိုင်တွေကို ဒေါင်းယူလို့ မရတော့ပါ..။ ဒါကြောင့် ဗါးရှင်းအဟောင်းတွေကို ထပ်မတင်တော့ပဲ.. Update ထပ်ထွက်လာတဲ့ ဆော့ဝဲလ်တွေကို အဆင်ပြေသလို တင်ပေးနေတာပါ..။ အခုကတော့ ကျနော့် Blog က လုပ်နည်း ၊ ကိုင်နည်း ၊ အသုံးပြုနည်းတွေနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေနဲ့ တခြား Blog ဝဘ်ဆိုဒ်တွေက ပုံတွေ၊စာတွေပါတဲ့ ပိုစ့်တွေကို ဒီ Foxit Reader လေး မိမိတို့ စက်ထဲမှာ Install ထည့်ထားယုံနဲ့ အလွယ်တကူ PDF ဖိုင်လေးတွေဖြစ် ပြောင်းလဲ ထုတ်ယူသိမ်းထားလို့ ရမယ့် နည်းလေးပါ..။ လုပ်ရတာလည်း လွယ်ကူပြီး Microsoft Office Word မရှိသေးတဲ့ ကွန်ပျူတာတွေ အတွက်ပါ အဆင်ပြေစေမယ့် နည်းလမ်းလေးပါ..။ Foxit Reader မရှိသေးရင်တော့ အောက်မှာ အမြဲတမ်း ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်နဲ့ ပြန်ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အလွယ်တကူ PDF ဖိုင် လေးတွေ ဖန်တီးတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.5 MB ရှိပါတယ်..။
Please Wait မှာပဲ ရပ်နေတယ်တဲ့.. သူငယ်ချင်းများ
အပြောများလာတဲ့အတွက် အရင် Adf.ly ဆိုဒ်နဲ့ လင့်တွေ ချိတ်ပေးခဲ့ပေမယ့်..
ဒီပိုစ့်မှာတော့ ကျနော့် Blog မှာ မသုံးဖူးသေးတဲ့ adfoc.us
ဆိုဒ်အသစ်နဲ့ ပြောင်းပြီး လင့်ချိတ်ပေးထားပါတယ်..။ အောက်ကလင့်ကနေ
ဝင်သွားတဲ့အခါ ညာဘက် အပေါ်ထောင့်မှာ 6 Seconds ပြီးရင် Skip
စာသားလေး ပေါ်လာတဲ့အခါ ကလစ်ပြီး ဖိုင်တွေကို ဒေါင်းယူဖို့ လင့်တွေကို
ဝင်ယူလို့ ရမှာဖြစ်ပါတယ်..။
Foxit Reader ဆော့ဝဲလ်ကို Install ထည့်ပြီးသွားရင်တော့.. မိမိတို့ PDF အဖြစ် ပြောင်းယူလိုတဲ့ Blog တွေနဲ့ ဝဘ်ဆိုဒ်တွေကို ဖွင့်ထားလိုက်ပါ..။ ကျနော်ကတော့ အောက်ကပုံလေးအတိုင်း ကျနော့် Blog က ပိုစ့်တပုဒ်နဲ့ လုပ်ပြပေးထားပါတယ်..။
Blog တွေ ၊ ဝဘ်ဆိုဒ်တွေ ဖွင့်ထားပြီးရင်တော့ ကီးဘုတ်မှ Ctrl+P ကီးကို တွဲနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီပုံလေး ၂-ခုကတော့ မိုဇီလာနဲ့ဆိုရင် ပေါ်တတ်မှာ ဖြစ်ပြီး အောက်ဆုံးပုံတွေကတော့ Google Chrome နဲ့ လုပ်ပြပေးထားတာဖြစ်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်နည်းက အတူတူပါပဲ..။ ဟိုပြောင်း၊ ဒီပြောင်း ပြောင်းလိုတဲ့ သူများကတော့ Properties စာသားနေရာကနေ ဝင်ပြောင်းလို့ ရပါတယ်..။
မိုဇီလာ သုံးသူများအတွက် အပေါ်ကပုံအတိုင်း ပေါ်လာရင် OK ပေးလိုက်ရင် ရပါပြီ..။ အောက်ကတော့ ကျနော် Google Chrome နဲ့ ဆက်လုပ်ပြပေးထားလို့ အောက်က ပုံလေးအတိုင်း နောက်ခံကာလာနဲ့ ပေါ်ချင်ရင်တော့ အောက်ကဒုတိယ ပုံအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ ဒါဆိုရင် နောက်ခံ အရောင်တွေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..။
အမှန်ခြစ်လေး ထည့်လိုက်ရင် Blog ရဲ့ နောက်ခံ ကာလာအတိုင်း ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ Change နေရာမှာတော့ မိမိတို့ ပြောင်းချင်သလို ပြောင်းနိုင်ပါတယ်..။
ကျနော်ကတော့ Foxit PDF Printer ဖေါ်မတ်နဲ့ပဲ Print ကို နှိပ်ပြီး PDF ဖိုင် ထုတ်ယူပါတယ်..။
ရှာရလွယ်အောင် Desktop မှာပဲ သိမ်းပါတယ်..။ Name မှာတော့ E-လိုပဲ အလွယ်ပေးထားပြီး နောက်ပြီးမှ ပြန်ပြောင်းမှာပါ..။ တခါတည်း နာမည်ပေးလိုတဲ့ သူများကတော့ ခေါင်းစဉ်ကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ရပါပြီ..။
ဒါကတော့ PDF ဖိုင်ပြောင်းပြီးမှ Name ကို copy-paste နဲ့ ပြန်ပေးလိုက်တာပါ..။ ဒါမှသာ ဖိုင်တွေကို ပြန်ရှာတဲ့အခါ ရှာရလွယ်မှာပါ..။
ကျနော် PDF ဖိုင်အဖြစ်ပြောင်းလိုက်တဲ့ ပိုစ့်ကို အပေါ်ကပုံအတိုင်း Foxit reader နဲ့ ဖွင့်ကြည့်လို့ ရသွားပါပြီ..။ ဒီနည်းနဲ့ မိမိတို့ နှစ်သက်တဲ့ ပိုစ့်တွေကို PDF စာအုပ် ဖေါ်မတ်အဖြစ် ပြောင်းလဲ သိမ်းနိုင်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။











အကိုရေ ကျွန်တော်အကိုတင်ပေးတဲ့postလေးတွေကိုပျောက်ပျက်သွားမှာကြောက်လို့ printer နဲ့ print ထုတ်ထားတာအခုဆိုအရွက် ၅၀၀ ကျော်နေပြီး အခုတော့ဒီpostလေးကြောင့်ဆေးဖိုး၊paper ဖိုးတွေမကုန်တော့ဘူးအခုပဲစမ်းလုပ်ကြည့်တာတော်၂ လေးကိုအဆင်ပြေတယ်အကိုေ၇ file size ကလည်းဘယ်လောက်မှလည်းမရှိဘူး ကျွန်တော်တော့အကိုတင်တဲ့ post အားလုံးကို PDF လုပ်ပြီးသိမ်းပါတော့မယ် တန်ဖိုးမဖြတ်နိုင်တဲ့အကို့postလေးတွေကျွန်တော်ဆီမှာအမြဲတမ်းရှိနေတော့မှာပါ အကိုလွင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာလို့ လိုရာပြည့်ပါစေလို့ကျွန်တော်အမြဲတမ်းဆုတောင်းပေးပါတယ်
ReplyDeleteညီလေး အရိုး
အောင်မျိုးမင်း(အရိုး)ယာယီထိုင်းလန်း
အကိုလွင်ရေ ကျေးဇူးပါပဲဗျာ ကျနော်လည်း အကို့ပို့စ်တွေရော တခြားဆိုက်ကပို့စ်တွေရော ကြိုက်တာလေးတွေကို
ReplyDeletefast stone Capture ဆော့ဝဲတွေနဲ့ ဓာတ်ပုံရိုက်ယူပီး PDF ဖိုင်ပျောင်းပီးယူနေရတာ ခုတော့ဒီနည်းလေးက
အတော်အဆင်ပြေပါတယ်ဗျာ ကျေးဇူးပါပဲ ကျနော့ဆီမှာတော့ အကိုပြောသလို Foxit reder pirnt တော့မပေါ်ပါ
ကျနော်က do pdf ဆော့ဝဲတင်ထားလို့ သူနဲ့ပဲ pdf ဖိုင်ပြောင်းပီးယူလိုက်ပါတယ်ခင်ဗျာ အကို အဆင်ပြေပါစေ
ဒီ့ထက်မကအောင်မြင်ပါစေခင်မျာ
ကိုလွင်ရေ ဂျပန်ဗားရှင်းကို ဘယ်လိုပြောင်းရမလဲ ဆိုတာလေး ရှင်းပြပေးပါလားခင်ဗျာ..ကျေးဇူးတင်လျက်ပါ။
ReplyDeleteကျေးဇူးပါခင်ဗျာ
ReplyDeletepdf ပြောင်းပြီး desktop ပေါ် save လိုက်ရင် စာလုံးတွေ နေရာတွေရွေ့ ကုန်တယ် ဖတ်လို့လဲ မရတော့ဘူး ဘယ်လိုလုပ်ရမလဲ
ReplyDelete#1 Website of Software Easy to Free Download
ReplyDeleteFoxit PDF Editor كامل | تحميل وتفعيل فوكسيت PDF عربي