GridinSoft Trojan Killer 2.2.0.9 Final

 A Trojan horse, or Trojan, in computing is a non-self-replicating type of malware program containing malicious code that, when executed, carries out actions determined by the nature of the Trojan, typically causing loss or theft of data, and possible system harm.
Trojan horses in this way may require interaction with a malicious controller (not necessarily responsible for distributing the Trojan horse) to fulfill their purpose. It is possible for those involved with Trojans to scan computers on a network to locate any with a Trojan horse installed, which the hacker can then control.

Trojan လို့ ခေါ်တဲ့ ဗိုင်းရပ်စ်တမျိုးကတော့ Antivirus ပရိုဂရမ်တွေနဲ့ ရှာလို့၊ သတ်လို့ မရနိုင်ပဲ ဒီလို သီးသန့် ဖန်တီးထားတဲ့ Trojan Killer လို ဆော့ဝဲလ်မျိုးတွေနဲ့မှ ရှာဖွေ ဖယ်ရှားလို့ ရတာပါ..။ ဟတ်ကာတို့ရဲ့ Spy-ware တမျိုးဖြစ်တဲ့ ဒီ Trojan ဗိုင်းရပ်စ်တွေရဲ့ အလုပ်လုပ်ဆောင်ပုံတွေကတော့ အပေါ်မှာ ဖေါ်ပြပေးထားတဲ့အတိုင်း မိမိတို့စက်မှာ ရိုက်ထည့်သမျှ စာတွေ၊ ပါတ်စ်ဝါဒ့်တွေနဲ့ အချက်အလက်တွေကို ခိုးယူတာပါပဲ..။ ပိုဆိုးတာကတော့ ဒီ Trojan တွေ များလာရင် စက်ကို လေးတတ်၊ ဟမ်းတတ်ပြီး "Blue Screen Of Death" (BSOD) တွေပါ ဖြစ်ပေါ်စေပြန်ပါတယ်..။ Trojan ဆိုတဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကတော့ ဆော့ဝဲလ် သီးသန့် မဟုတ်ပဲ ဝင်းဒိုးရဲ့ Registry စာသားကုဒ် ဖိုင်တွေထဲမှာ စာသားကုဒ်တွေ အဖြစ် ဝင်ရောက် နေရာယူပြီး အလုပ်လုပ်ဆောင်တာ ဖြစ်လို့ ဗိုင်းရပ်စ်သတ်တဲ့ Antivirus ဆော့ဝဲလ်တွေနဲ့ ရှာဖွေလို့ မရနိုင်ပဲ.. အထူးဖန်တီးထားတဲ့ Trojan Killer တွေနဲ့မှ ရှာဖွေ ဖယ်ရှားလို့ ရတာပါ..။ ဒီလို Trojan Killer ဆော့ဝဲလ်တွေကို မကြာမကြာ အသုံးပြုပေးခြင်းဖြင့် ဆော့ဝဲလ်တွေ Install ထည့်တိုင်း ပါလာတတ်တဲ့ Trojan တွေကို ဖယ်ရှားပြီးသား ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပြီး၊ ဆော့ဝဲလ်ကို ဖွင့်သုံးတဲ့ အခါမှာတော့ ကီးတွေကို ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ key တွေထည့်ပြီး ဖူးဖြစ်အောင် လုပ်နေတဲ့ အချိန်မှာတော့ အင်တာနက်ကို ခဏပိတ်ထားပါ..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 60 MB ရှိပါတယ်..။



ဆော့ဝဲလ်ကို Install ထည့်ပြီးရင်တော့ အပေါ်ကပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင် patch ဖိုင်လေးကို အောက်ကပုံအတိုင်း copy ယူပြီး C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးထဲမှာ သွားထည့်ပေးပြီး Run ပေးလိုက်ရင် အဆင်ပြေပါပြီ..။


C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးကို အောက်ကပုံလေးအတိုင်း ဖွင့်ဝင်လိုက်ပါ..။


ပြီးရင်တော့ အပေါ်က copy ယူလာတဲ့ patch ဖိုင်လေးကို အောက်ကပုံအတိုင်း paste နဲ့ထည့်ပြီး Continue ကို ကလစ်ပေးလိုက်ပါ..။



အပေါ်ကပုံအတိုင်း Run ပြီး အောက်ကပုံအတိုင်း patch စာသားကို တချက် ကလစ်ပေးလိုက်ပါ..။



PATCHING DONE ဆိုရင်တော့ Exit နဲ့ ထွက်ပြီး ဘောက်စ်တွေကို ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ ဒီကောင်လေးကို ဖွင်ြ့ပီး ကီးတွေကို အောက်ကပုံအတိုင်း Email နဲ့ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



အပေါ်ကပုံလေးအတိုင်း Registered ဆိုရင်တော့ ဖူးဖြစ်သွားပါပြီ..။ ပိတ်ပစ်ပြီးမှ ပြန်ဖွင့်ပြီး အောက်ကပုံလေးအတိုင်း အသုံးပြုနိုင်ပါပြီ..။


အောက်ကပုံမှာ အနီရောင်နဲ့ ကုဒ်စာသားတွေ ပေါ်လာရင်တော့ Registry တွေထဲမှာ Trojan တွေကို ရှာတွေ့နေပြီဖြစ်လို့ ဥသြဆွဲတဲ့အသံ ပေးပြီး အချက်ပြပါတယ်..။


ဒီကောင်လေး ရှာပေးပြီးရင်တော့ အောက်ကပုံလေးအတိုင်း ပေါ်လာမှာပဲ ဖြစ်ပါတယ်..။ Yes ပေးလိုက်ပါ..။


ကျနော်ကတော့ အောက်ကပုံလေးအတိုင်း Delete ပြောင်းပြီးမှ Apply ပေးလိုက်ပါတယ်..။




အပေါ်ကပုံလေးအတိုင်း Removed  စာသားလေး ပေါ်လာပြီးရင်တော့ OK ပေးလိုက်လို့ ရပါပြီ..။ ဒါကတော့ Quick Scan နဲ့ စစ်လိုက်တာပါ..။ အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် မိမိတို့ စိတ်ရှိသလို Full Scan နဲ့ ထပ်စစ်နိုင်ပါတယ်..။ Scan စစ်ပြီးလို့ Trojan တွေကို Delete လုပ်ပြီးတိုင်း မိမိတို့ရဲ့ စက်ကို Restart လုပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ ဒီကောင်လေးကို အားလုံးပဲ ဖူးသုံးတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေ၍ ဟတ်ကာရန်မှ ကင်းဝေးနိုင်ကြပါစေ..။



4 comments:

  1. ဟုတ်ကဲ့ပါအကိုရေ ဒေါင်းယူသွားပါတယ်..။ ဒီနေ့ပဲအကိုရေ ကျနော့်ရဲ့ Memory Stick ဗိုင်းရပ်မိသွားလို့ကျနော်တော့
    ရွာလည်နေပြီ။သူငယ်ချင်းတစ်ယောက်ရဲ့စက်ကို Antivirus Software လေးထည့်ပေးလိုက်တာ ။
    ကျနော့်ရဲ့ USB Pendrive 500 ထဲမှာရှိနေတဲ့ဖိုင်တွေကိုဖွင့်မရတာ့ပါဘူး..။ပြီးတော့ဖိုင်တွေကအကုန်လုံး Shotrtut ဖိုင်တွေပြောင်းကုန်တယ် ဖွင့်လိုက်ရင်လည်း window cannot find 'G:\Traches\bd838360.exe'.Make sure you typed the name correctly,and then try again. လို့ Massage Box လေးပေါ်ပြီးတော့ ဘာမှလုပ်မရတော့
    ပါဘူး...။အကိုလွင်ဖြေရှင်းမယ့်နည်းလေးရှိရင် ပို့လေးတင်ပေးပါလို့ လေးစားစွာတောင်းပန်ပါတယ်အကို..။

    ReplyDelete
  2. Memory အတောင့်ထဲမှာတော့ထူးခြားတဲ့ဖိုင်တစ်ဖိုင်တော့တွေ့ပါတယ်.။ Recycle.Bin လို့ဖိုင်တစ်ဖိုင်ရောက်နေပါတယ်
    အကို ကျနော်အထင်တော့ Recycle Virus လို့ထင်ပါတယ်..။ ဘယ်လိုသတ်ရမလဲအကို...။

    ReplyDelete
  3. လုပ်ပါဦး လင့်တွေအတော်များများသေနေပြီး
    ပြန်စစ်ဆေးပါဦး

    ReplyDelete

Related Posts Plugin for WordPress, Blogger...