Mozilla Firefox 12.0 beta 1 (မိုဇီလာမှာ မြန်မာစာ အပြည့်ပေါ်ရအောင်)


 ကျနော့်ကို Facebook မှာ အကိုတစ်ယောက် မေးထားတာလေးပါ..။ အရင်တုန်းကလည်း ကျနော့် Blog မှ Readers တွေထဲကလည်း မေးခဲ့ဖူးတဲ့ မေးခွန်းလေးပါ..။ အပေါ်က ပုံမှာ မြင်ရသလို အခုနောက်ပိုင်း မိုဇီလာ Update အသစ်တွေမှာ မြန်မာစာ ပုံမှန် မပေါ်တတ်ပါဘူး..။ ကျနော်တို့ သတိထားမိသလောက်ကတော့ Windows 8 ထွက်ပြီး နောက်ပိုင်းမှာ ဒီလို မိုဇီလာမှာ မြန်မာစာ အပြည့်မပေါ်တော့ပါဘူး..။ အရင်တုန်းက Unicode ဖေါင့်တွေ မိုဇီလာမှာ အပြည့် အလုပ်လုပ်ပေမယ့် ၊ အခုနောက်ပိုင်း မိုဇီလာ Update တွေမှာ Unicode ဖေါင့်တွေ အပြည့်မပေါ်တော့တဲ့အတွက် ၊ အာရှနိုင်ငံတွေထဲက ကျနော်တို့ မြန်မာစာလို Unicode ဖေါင့်တွေ မိုဇီလာမှာ အဆင်မပြေတော့တဲ့ တခြားနိုင်ငံတွေကလည်း.. မိုဇီလာဆိုဒ်မှာ မေးထားတဲ့ မေးခွန်းတွေ ၊ Comments တွေ အများကြီးကို တွေ့ခဲ့ ၊ ဖတ်ခဲ့ပြီးပါပြီ..။ တိကျတဲ့ အဖြေရှာမတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနေ့တော့ မိုဇီလာ ဗါးရှင်းအဟောင်းလေးဖြစ်တဲ့ မြန်မာစာလည်း အပြည့်ပေါ်တဲ့ Firefox 12.0 beta 1 Browser လေးကိုပဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်..။ ဒီဗါးရှင်းလေးကို Windows 7 မှာ ပြန်စမ်းသုံးထားတာ ဖြစ်ပြီး အပေါ်ကပုံလို အဆင်ပြေတဲ့အတွက် တင်ပေးလိုက်ခြင်းပါ..။ 
မိမိတို့စက်ထဲမှာ ရှိပြီးသား မိုဇီလာကို ထုတ်ပစ်ဖို့ မလိုပါဘူး..။ မိုဇီလာ ဖွင့်သုံးထားရင်တော့ ခဏပိတ်ထားလိုက်ပါ..။ ကျနော်စမ်းသုံးထားတဲ့အတိုင်း ဒီဗါးရှင်းလေးကို ထပ်ပြီး Install ထည့်ပေးလိုက်ရင် ရပါပြီ..။ အရင်ရှိပြီးသား Adobe Flash Player တွေနဲ့ IDM လို Add-ons တွေ တခါတည်း အလုပ်လုပ်ပါတယ်..။ Add-on တွေ အသစ်ထပ်ထည့်ပေးဖို့ မလိုတော့ပါ..။ ၂၀၁၂ ၊ ၃-လပိုင်း လဝက်က ထွက်ထားတဲ့ ဒီ မိုဇီလာ ဗါးရှင်းလေးကို၊ မြန်မာစာ အပြည့်မပေါ်လို့ စိတ်ညစ်နေရတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူးပြီး အသုံးပြုနိုင်ပါပြီ..။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ မိုဇီလာ Option ထဲကနေ နောက်ဆုံး Update တွေ မတက်အောင် ပိတ်ထားရမယ့် နေရာလေးတွေကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဆက်ကြည့်လိုက်ပါဗျာ..။
ကျနော်တင်ပေးလိုက်တဲ့ လင့်တွေကနေ ဒေါင်းယူလို့ အဆင်မပြေတော့တဲ့အခါကျရင် ၊ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Firefox 12.0 beta 1 (3/2012) အပြင်၊ Firefox 12.0 (4/2012) ကို ကြာရှည် ဒေါင်းယူလို့ရမယ့် မူရင်း လင့်တွေကို ပြန်ရှာပေးထားပါသေးတယ်..။


(OR)




 အပေါ်ပုံ ၂-ပုံကတော့ နောက်ဆုံး Update မှာ မြန်မာစာ မပေါ်တော့တဲ့ နေရာနဲ့ ဗါးရှင်း အဟောင်းလေး ထပ်ပြီး Install ထည့်လိုက်မှ မြန်မာစာ ပေါ်လာတဲ့ ပုံလေး ၂-ပုံကို ပြပေးလိုက်တာပါ..။ အများကြီးတော့ လုပ်ပေးဖို့ မရှိပါဘူး..။ အောက်ကပုံလေးတွေအတိုင်း နောက်ဆုံး Update ကို ထုတ်မပစ်ပဲ၊ ဒီဗါးရှင်းလေးကို Install ထပ်ထည့်ပေးလိုက်ရင် ရပါပြီ..။




မိမိတို့ရဲ့ မိုဇီလာ Browser မှာ Automatically Update ကို မပိတ်ရသေးလို့ အောက်ကပုံလေးအတိုင်း မမြဲပေါ်နေရင်တော့ မျှားပြထားတဲ့ နေရာတွေကို ကလစ်ပြီး ဖျက်ပစ်ပေးရမှာပါ..။ Automatically Update မတက်ရလေအောင် အောက်ဆုံးပုံလေးအတိုင်း မိုဇီလာရဲ့ Option ထဲမှာ သွားပြောင်းလိုက်ရင် အဆင်ပြေပါပြီ..။


မိုဇီလာမှာ မြန်မာစာ အမှန်ပေါ်အောင် ရိုးရာမပျက် လုပ်ပေးရမယ့် နေရာလေးကတော့ အောက်ကပုံလေးအတိုင်း Zawgyi-One ပြောင်းထားပေးပါ..။


ပြီးရင်တော့ အောက်ဆုံးပုံလေးအတိုင်း Automatically Update တွေကို အမှန်ခြစ်လေးတွေ ပြောင်း၊ ဖြုတ်ပြီး OK ပေး ပိတ်ထားလိုက်ရင်၊ မိုဇီလာ Update မတက်တော့တဲ့အတွက် မြန်မာစာ မမြဲတမ်း အမှန်ပေါ်နေတော့မှာပါ..။ Update မပိတ်ထားလို့ မြန်မာစာ မမှန်တော့ရင်လည်း ဒီမိုဇီလာ ဗါးရှင်းလေးကို သိမ်းထားပြီး လိုအပ်တဲ့ အခါတိုင်း Install ထပ်ထည့်ပေးလိုက်ရင်လည်း အဆင်ပြေတဲ့ နည်းတခုပါပဲ..။ ဒီ Update ပိတ်တဲ့ ပုံတွေကတော့ W7 မှာ ပုံယူဖို့ မေ့နေခဲ့လို့၊ W8 နဲ့ပဲ အလွယ်လုပ်ပြပေးလိုက်ပါတယ်..။ ဘယ်ဝင်းဒိုးနဲ့ပဲသုံးသုံး လုပ်နည်း အတူတူပါပဲ..။ မြန်မာစာ အားလုံးဖတ်လို့ရပြီး အဆင်ပြေကြပါစေ..။

 ကျနော်ပြန်တင်ပေးလိုက်တဲ့ အပေါ်ကလင့်တွေမှာ ဒေါင်းယူလို့ မရတော့တဲ့အခါမှာတော့ အောက်က မူရင်းလင့်တွေကနေ ဒီ မိုဇီလာ ဗါးရှင်းတွေကို သွားရောက် ဒေါင်းယူနိုင်ပါတယ်..။

 

8 comments:

  1. ကျေးဇူးပါ။

    ReplyDelete
  2. ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို ဒီလိုဖြစ်နေလို့တိုင်ပတ်နေတာ ကြာပါပြီ အစ်ကိုပြောသလို တစ်ပုံစံတည်းဖြစ်နေတာပါ အခုတော့အစ်ကိုပြောတဲ့အတိုင်းလုပ်လိုက်တာ mozilla မှာမြန်မာစာ အကုန်နေရာမြင်ရသွားပါပြီ အထူးလေးစားပါတယ် အစ်ကို

    ReplyDelete
  3. [Java Script error] Error: MutationObserver is not a constructor ဆိုပြီးပေါ်ပေါ်လာနေတယ်အစ်ကို။ ကူညီပါဦး။ ဘာလုပ်ပေးရမလဲ မသိလို့ပါ။

    ReplyDelete
    Replies
    1. ဒီလုပ်နည်းတွေနဲ့ စမ်းကြည့်ပါ..။ အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်..။ များသောအားဖြင့် ဖြစ်တတ်က Tool Bar တွေ ကြောင့်ပါ..။ ဒါကြောင့် Browser တွေက တူးဘားတွေကို ရှာပြီး Uninstall နဲ့ ထုတ်ပစ်ပါ..။ မိုဇီလာမှာဆိုရင် Add-ons တွေကို IDM နဲ့ Shockwave Flash Player ကလွဲလို့ ကျန်တာတွေကို Remove (or) Disable (or) Never Active ပေးထားလိုက်ပါ..။ ပြီးရင်တော့ CCleaner နဲ့ သန့်ရှင်းရေးလုပ်ပေးပြီး စက်ကို Restart ပေးလိုက်ရင်တော့ ပြန်ကောင်းသွားလိမ့်မယ် ထင်ပါတယ်..။

      Delete
  4. ဒီနည်းလေးမဆိုးဘူး downgrade လဲပြန်ဆင်းစရာမလိုပါဘူး

    http://www.shwemyotaw.com/forum/topics/mozilla-firefox-13-0?xg_source=activity

    ReplyDelete
  5. အခုတလော firefox မှာ မြန်မာဖောင့် အပြည့်မပေါ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ Google ကနေ ရှာဖွေပြီး စမ်းသပ်နေတာ တစ်ခုမှ အဆင်မပြေ။ အခုတော့ အဆင်ပြေသွားပါပြီ။ ဘလောဂါကို အထူးကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. Firefox ရဲ့facebook မှာမပေါ်တာဘယ်လိုလုပ်ရမလဲဆရာ

    ReplyDelete
  7. Firefox ရဲ့facebook မှာမပေါ်တာဘယ်လိုလုပ်ရမလဲဆရာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...