Number1 စာလုံးထဲမှာ Photoshop ဖြင့် အလံ(ဓါတ်ပုံ) ထည့်နည်း


 
 ဒီလုပ်နည်းလေးက ဒီဇိုင်းတခုဖန်တီးတာနဲ့ သွားတူပါတယ်.. Photoshop ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားရင် မိမိတို့ စိတ်ထဲရှိသလို ပုံတွေ၊ဒီဇိုင်းတွေကို မိမိတို့ Idea နဲ့ ဖန်တီးနိုင်စွမ်း ရှိလာပါလိမ့်မယ်..။ ဒီပေါ်ကပုံလေးက ဒီပိုစ့်ကို ရေးနေရင်းနဲ့မှ ပေါ်လာတဲ့ Idea လေးပါ.. ဒီလိုလေး ဖန်တီးဖြစ်လိမ့်မယ်လို့ မစဉ်းစားခဲ့ပါဘူး.. ကျနော်တင်ပေးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကို ဒီပိုစ့်အပါအဝင် အားလုံးကို အလွတ်လုပ်နိုင်သွားပြီဆိုရင် Photoshop ပညာကို ကျနော့်လောက် နီးနီးတတ်မြောက်သွားပါပြီ.. မိမိတို့ စိတ်တိုင်းကျ ပုံတွေကို ဖန်တီးနိုင်သွားပါပြီ.. ဒီလုပ်နည်းလေးကလည်း မခက်ပါဘူး.. ဒါပေမယ့် မကြာမကြာပြန် လေ့ကျင့်ပေးဖို့တော့ လိုပါတယ်.. မလုပ်တာကြာရင် မေ့တတ်ပါတယ်..။ ကျနော့်ကိုယ်တွေ့ပါ..။ 
ဒီလေ့ကျင့်ခန်းလေးကို Photoshop CS6 Portable နဲ့ ဖန်တီးထားတာပါ.. Photoshop CS6 Portable လိုအပ်တဲ့သူများ ဒီနေရာကနေ ဝင်ယူနိုင်ပါတယ်..။ အရင်တုန်းက ဗါးရှင်းအဟောင်းတွေ ဖြစ်တဲ့ Photoshop 7.0 နဲ့ပါ ဒီလေ့ကျင့်ခန်းလေးကို ဖန်တီးလို့ ရပါတယ်.. ကျနော်စမ်းကြည့်ပြီးသားပါ..။ ဒီပိုစ့်နဲ့အတူ အရင်တုန်းက တင်ပေးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကိုပါ PDF ဖိုင်လေးတွေနဲ့ ပြန်ထုတ်ပေးလိုက်ပါတယ်..။ အားလုံးကို တစုတစည်းထဲ အင်တာနက်လိုင်း မရှိလည်းပဲ လေ့ကျင့်လို့ အဆင်ပြေအောင်လို့ပါ.. ဒီစာအုပ်လေးတွေ ဖတ်နိုင်ဖို့ Foxit Reader လေးကိုလည်း မရှိသေးတဲ့သူများ ဒီလင့်ကနေ ဝင်ယူလိုက်ပါ.. အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စပါပြီ..
 Photoshop CS6 ကိုဖွင့်ပြီး အလံပုံလေးတခုကို ယူပါတယ်.. အလံပုံကိုတော့ Google Image ကနေ Flag လို့ ရိုက်လိုက်ရင် အများကြီး ပေါ်လာပါလိမ့်မယ်..။ အောက်ကပုံအတိုင်း File Open ကနေ ပုံလေးတခုကို ယူပါတယ်.. (မိမိတို့ရဲ့ နာမည်တွေ၊ ဓါတ်ပုံတွေကိုလည်း ဒီနည်းနဲ့ပဲ လုပ်လို့ ရပါတယ်.. အပေါ်ဆုံးပုံမှာ ပြထားတဲ့ ကျနော့်နာမည်ထဲမှာ အရုပ်ကလေးတွေ ပေါ်နေအောင် ဒီနည်းနဲ့ပဲ လုပ်ခဲ့တာပါ..)

 

ပြီးရင်တော့ အောက်ကပုံအတိုင်း A နေရာက Tool လေးနဲ့ နံပါတ် 1 စာလုံးလေး စရေးလိုက်ပါ..။  စာလုံးတွေ ရွေးတဲ့ အခါမှာလည်း အပြားထူထူနဲ့ အလုံးကြီးကြီး စာလုံးတွေ၊ ဖေါင့်တွေကို ရွေးပြီး စာရေးပါ..။ ဒီပုံမှာတော့ အလွယ်တကူ ရှာတွေ့တဲ့ ဖေါင့်နဲ့ပဲ လုပ်ပြပေးထားပါတယ်..။ အလုပ်လုပ်ရ အဆင်ပြေအောင် D နေရာက အတိုင်း အမဲရောင်နဲ့ စာရေးပါ.. ရေးပြီးရင် ကီးဘုတ်က Ctrl+T နဲ့ 1 စာလုံးကို ချိန်ညှိပါ..


Tools ဘောက်စ်ရဲ့ အပေါ်ဆုံးက Move Tool ကို တချက်ကလစ်ပြီးမှ Ctrl+T ကိုတွဲနှိပ်ပါ..



အပေါ်ပုံအတိုင်း စိတ်ကြိုက် 1 ကို နေရာချပြီးရင် အောက်ကပုံအတိုင်း  1, 2, 3 အစဉ်လိုက် နှိပ်သွားလိုက်ပါ..


နောက်တဆင့်ကတော့ Select ကနေ Color Range ကို ပုံမှာပြထားတဲ့ အတိုင်း နှိပ်ပေးလိုက်ပါ..။


 Color Range ဘောက်စ်လေးပေါ်လာရင် OK ပေးလိုက်ပါ..။


ဒါဆိုရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. လေယာဘောက်စ်ထဲက အလံပုံလေးရဲ့ လေယာမှ သော့ပုံလေးကို ၂ချက်တောက်ပြီး ဖွင့်ပါ..


ဘောက်စ်တခု ပေါ်လာရင် OK ပေးလိုက်ပါ..



အပေါ်ပုံမှာတော့ အလံပုံလေယာမှာ သော့မရှိတော့ ပါဘူး.. ပြီးရင်တော့ အောက်ပုံမှာ ပြထားတဲ့ အတိုင်း နံပါတ် 1 လေယာရှေ့က မျက်လုံးလေးကို တချက်ကလစ်ပြီး ပိတ်ထားလိုက်ပါ..


နောက်တဆင့် အနေနဲ့ Select >> Inverse ကို တချက် အရင်ကလစ်ပါ.. ပုံရဲ့ ဘေးဘောင်တွေမှာ စလက်ရှင်ဝင်လို့ ကြိုးတန်းလေး ပြေးနေတာ မြင်ရပါလိမ့်မယ်..။


Select Inverse ကိုပဲ နောက်တခါ ထပ်နှိပ်ပါ.. (အဲဒီနေရာကို ၂ခါနှိပ်ပေးရပါမယ်..) နောက်တခါထပ်နှိပ် ပေးပြီးရင်တော့ အပေါ်ပုံမှာ မြင်နေရတဲ့ စလက်ရှင် ဝင်နေတဲ့ ကြိုးတန်းလေး အောက်ကပုံမှာ မရှိတော့ပါဘူး..။ ဒါဆိုရင် နောက်တဆင့်သွားပါမယ်..။


အောက်ကပုံမှာ ရေးထားတဲ့ အတိုင်း ကီးဘုတ်မှ Ctrl+C ကိုနှိပ်ပြီး Ctrl+V ကို ထပ်နှိပ်ပါ..။


လေယာဘောက်စ်ထဲမှာ လေယာအသစ်တခု ပေါ်လာပါပြီ.. အောက်ကပုံမှာပါ..


ကီးဘုတ်က မျှားလေးနဲ့ ဒါမှမဟုတ် မောက်စ်နဲ့ ဘေးဘက်ကို ဆွဲကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း နံပါတ် 1 စာလုံးရဲ့ အလံပုံလေး ရလာပါပြီ..


အဲဒါကို ကျနော်တို့ ရွေးထုတ်ဖို့ File >> New ကနေ စာရွက် အဖြူတရွက် အရင်ယူပါတယ်.. အောက်ကပုံ.. 


စာရွက်တရွက် ရလာပါပြီ.. Untitled-1 အောက်မှာ မျှားနီပြထားပါတယ်..


ကျနော် လုပ်ထားပြီးသား နံပါတ် 1 အလံပုံလေးကို ယူမှာဖြစ်တဲ့အတွက် Untitle-1 ဘားတန်းဘေး ကပ်ရပ်က Flag1.jpg စာသားနေရာကို တချက်ကလစ်ပါတယ်.. အောက်ကအတိုင်း အလံပုံလေး ပြန်မြင် ရရင် Move Tool ကို တချက်ကလစ်ပြီး နံပါတ် 1 အလံပုံလေးကို မျှားနီတွေပြထားတဲ့ အတိုင်း မောက်စ်နဲ့ ဆွဲယူပြီး Untitle-1 စာသားနေရာပေါ်တင်ထားပါ.. မောက်စ်ကို လုံးဝမလွှတ်ပါနဲ့.. ဖိထားပါ..


အပေါ်ပုံအတိုင်း မောက်စ်ကိုဖိထားရင် ပေါ်လာတဲ့ စာရွက်ဖြူပေါ်ရောက်တဲ့ အထိ ဆွဲယူလာပြီးမှ  မောက်စ်ကို လွှတ်လိုက်ပါ..။ ဒါဆိုရင် ဟိုဘက်က နံပါတ် 1 အလံပုံလေး ပါလာပါပြီ.. အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..



ဒီပုံလေးရဲ့ ဘေးမှာ ပါလာတဲ့ အမဲစက်တွေကို ပုံမှာပြထားတဲ့ အတိုင်း Eraser Tool နဲ့ တချက်ချင်းစီ ဖျက်ပစ်လိုက်ပါ..။



အပေါ်ကပုံအတိုင်း ရလာပါပြီ.. ဒါပေမယ့် မပီပြင်သေးပါ.. ဘေးဘောင် အမဲရောင်လေး ထည့်ပေးဖို့ လိုပါသေးတယ်.. ဒီနေရာမှာတော့ မိမိတို့ အဆင်ပြေမယ့်နည်းနဲ့ ဘေးဘောင်လေးကို ထည့်ပေးလို့ ရပါတယ်..။ ကျနော်ကတော့ ကျနော် လုပ်နေကျ နည်းအတိုင်း အောက်က အဆင့်တွေ အတိုင်း လုပ်ပါတယ်.. လိုအပ်တဲ့သူများ ဆက်ကြည့်ပေးပါ..
အပေါ်ကပုံကို ရေးတဲ့ Font နဲ့ပဲ ဒီအဆင့်မှာ ပုံရဲ့ဘေးမှာ နောက်ထပ် 1 စာလုံး တလုံး ထပ်ရေးပါတယ်.. အောက်ကပုံတွေမှာ ဆက်ကြည့်ပါ..




အပေါ်ပုံအတိုင်း တဆိုဒ်ထဲ ဖြစ်အောင် ပုံ၂ပုံကို ထပ်ပြီး ချိန်ပါ.. နောက်ရေးတဲ့ စာလုံး အမဲက အရင် ပုံထက် နည်းနည်းလေး မသိမသာလေး ပိုကြီးပေးလိုက်ပါ..။ ဒါဆိုရင် ပုံ၂ပုံ ထပ်လို့  အဆင်ပြေသွားပါပြီ.. အောက်ကပုံမှာ ပြထားတဲ့ လေယာနေရာမှာ ၊ အလယ်က လေယာကို အပေါ်လေယာပေါ်သို့ မောက်စ်မျှားနဲ့ ဖိပြီး ဆွဲတင်လိုက်ပါ.. ဒါဆိုရင် အောက်က ဒုတိယပုံ အတိုင်း လေယာ ၂ခု အပေါ်၊အောက် ပြောင်းပြန်ဖြစ်သွားတာကို မြင်ရပါလိမ့်မယ်..



ပြီးရင်တော့ Move Tool ကို တချက်ကလစ်ပြီး အောက်မှာမြင်နေရတဲ့ အတိုင်း ပုံ၂ခုကို ထပ်လိုက်ပါ.. ပုံ၂ခုကို ထပ်တဲ့အခါမှာ လိုအပ်ရင်.. ပိုနေတဲ့ ဘေးသားတွေ ရှိခဲ့ရင်.. Eraser Tool နဲ့ ဖြေးဖြေးချင်း တချက်ချင်း ပိုနေတဲ့ ကြည့်လို့ မလှတဲ့ နေရာတွေကို ပွတ်ပြီး ဖျက်ပေးလိုက်ပါ.. စိတ်တိုင်းကျဖြစ်ရင် လေယာတွေ ပေါင်းပါ..



အပေါ်ပုံအတိုင်း ဖြစ်သွားလို့ မိမိတို့ စိတ်တိုင်းကျ ပုံ၂ခုကို ချိန်ညှိပြီးရင် အဲ့ဒီပုံကို သိမ်းဖို့ အရင်ဆုံး လေယာတွေကို ပေါင်းပေးလိုက်ပါ.. ကီးဘုတ်မှ Ctrl+Shift+E နဲ့ လောယာတွေ အားလုံးကို ပေါင်းပေးလိုက်ပါ.. ဒါဆိုရင် အောက်ကပုံအတိုင်း လေယာတွေကို ပေါင်းထားပြီးသား မြင်ရပါပြီ..


ပုံကိုသိမ်းတဲ့ အခါမှာတော့ အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေမှာ ပါတဲ့ သိမ်းတဲ့ နည်းနဲ့ အတူတူပါပဲ..။ File >> Save as >> Desktop >> Name >> JPEG >> Save ပေးလိုက်ရင် မိမိတို့ ဖန်တီးလိုက်တဲ့ ပုံလေးကို Desktop မှာ ရရှိပါပြီ..။


ဒီလေ့ကျင့်ခန်းလေး ဒီမှာတင် ပြီးဆုံးသွားပါပြီ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေပျော်ရွှင် နိုင်ကြပါစေဗျာ..
ဒီပိုစ့်နဲ့ အတူ အရင်လေ့ကျင့်ခန်းလေးတွေကိုပါ PDF ဖိုင်နဲ့ ထုတ်ပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူထားလိုက်ပါဗျာ..

Mediafire

ဒီဖိုင်လေးတွေ ကြာကြာခံအောင် adfly စာမျက်နှာလေး ကြားမှာ ထည့်ပေးထားပါတယ်..


4 comments:

  1. psd လေ့ကျင့်ခန်းတွေရသလောက်.စုချင်တယ်..၀ါသနာကြီးလွန်းလို့ပါ..အခုကျွန်တော် CS5 နဲ့လေ့ကျင့်နေတာပါ..နာက်တစ်ခုက..စက်ထဲမှာ adobe reader မဖတ်ဘူးဖြစ်နေပါတယ်..အသစ်ဒေါင်းလည်းမရပါဘူး..အစ်ကို့ရဲ့ reader လေးကလည်း..ဒေါင်းလို့မရဖြစ်နေတယ်..၀ါသနာပါလို့ဝယ်ထားပေမယ့် ဘာမှမလုပ်တတ်သေးပါဘူး..ကူညီပါအစ်ကိုလေး..ကျေးဇူးတင်ပါတယ် ..
    ကျန်းမာ ပျော်ရွှင်ပါစေဗျာ....

    ReplyDelete
  2. ကျေးဇူးများစွာတင်ခြင်းဖြင့်စိုးပိုင်

    ReplyDelete
  3. ကျေးဇူးပါဆရာလွင်

    ReplyDelete

Related Posts Plugin for WordPress, Blogger...