Ultra ISO Premium Edition 9.5.0.2800

10 Oct 12, 07:07 AM
aphi:
အကိုရေ iso shirnking software လေးရှိရင်တင်ပေးပါအုံး လုပ်နည်းလေးပါရေးပေးပါနော် iso file က 6Gb ကျော်နေလို့ DVD rw နဲ့  burn လို့ မရ ဖြစ်နေလို့ 
ဒီကောင်လေးကတော့ ISO ဖိုင်တွေကို အမျိုးမျိုး ပြောင်းလဲပေးနိုင်ပါတယ်.. တောင်းထားတဲ့လူရှိလို့ လိုက်ရှာရင်း လွယ်လွယ်ကူကူလုပ်လို့ ရတာလေးကို ပြန်တင်ပေးလိုက်ပါတယ်.. ISO ဖိုင်ကို ချုံ့တာ မူရင်းဆိုဒ်ထက် နည်းနည်းပဲ သေးလို့ရပါတယ်.. ဒါပေမယ့် Quality ကောင်းမကောင်းတော့ မသိပါ.. ဒီလိုဖိုင်ကို ချုံ့တာထက် DVD နဲ့ခွေကူးလို့လည်း အဆင်ပြေအောင် ISO ဖိုင်တခုထဲကို ISO ဖိုင် ၂ခု၊ ၃ခု ခွဲထုတ်လိုက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်.. မူရင်းဖိုင်ရဲ့ အရေအသွေးလည်း မပျက်နိုင်တော့ပါဘူး.. ချုံ့တာကြတော့ မူရင်း ဖိုင်ရဲ့ အရေအသွေးပျက်သွားရင် အသုံးပြုလို့ မရနိုင်တော့ပါဘူး.. အခုဒီကောင်လေးနဲ့ အဲ့ဒီလုပ်နည်း ၂မျိုးစလုံးကို ပြပေးထားပါတယ်.. အဆင်ပြေသလိုသာ လုပ်ကြပါ.. ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..




Install ဆွဲထည့်ပြီးရင်တော့ အောက်ကပုံအတိုင်း သူ့ Key လေးကို ထည့်ပေးလိုက်ပါ..




ပြီးရင်ဒီကောင်လေးကို ပြန်ဖွင့်လိုက်ပါ.. အောက်ကပုံကတော့ ISO ဖိုင်တခုကို ခွေကူးဖို့ဆိုရင် ဒီပုံလေး အတိုင်း လုပ်ပေးပါ..


အရင်ဆုံး ကျနော် ISO ဖိုင်၂ခုခွဲထုတ်တာကို လုပ်ပြပါမယ်.. အောက်ကပုံအတိုင်း ကလစ်သွားလိုက်ပါ..


အောက်ကပုံအတိုင်း ပေါ်လာတဲ့ အခါမှာ A နေရာက မိမိတို့ ပြုလုပ်ချင်တဲ့ ISO ဖိုင်ကို သွားယူပါ.. B နေရာကတော့ ဖိုင်ခွဲထုတ်လိုက်လို့ ပြန်ထွက်လာမယ့် ဖိုင်တွေကို သိမ်းမယ့်နေရာကို ရှာပေး၊ ဖန်တီးပေးပါ.. ကျနော်ကတော့ Desktop မှာ ဖိုဒါတခုဖွင့်ပြီး သိမ်းဖို့ လမ်းကြောင်းပေးလိုက်ပါတယ်..


အောက်ကပုံအတိုင်း လုပ်ပေးပါတယ်.. 3 နေရာမှာ ရွေးပေးရမှာတွေ အများကြီးရှိပါတယ်.. အဲ့ထဲကမှ DVD ခွေနဲ့ မိမိတို့ ISO ဖိုင်နဲ့ အဆင်ပြေမယ့် ဆိုဒ်ကို ချိန်တွက်ပြီး ရွေးပေးလိုက်ပါ.. ပြီးရင်တော့ 4 နေရာကို နှိပ်ပါ.. 


အောက်ကပုံမှာတော့ ISO ဖိုင်၂ခု ခွဲထုတ်နေပါပြီ..



OK ပေးပြီးရင်တော့ Desktop ပေါ်က ဖိုဒါလေးကို သွားဖွင့်ကြည့်လိုက်ရင် အောက်ကပုံအတိုင်း ISO ဖိုင်၂ခု Part01 နဲ့ Part02 ဆိုပြီး ရောက်နေပါပြီ.. အဲဒါကို ဒီကောင်လေးနဲ့ပဲ ခွေ၂ချပ်ကူးပေးလိုက်ပါ..


အောက်ကတော့ နောက်တမျိုးပါ.. အပေါ်မှာ Normal နဲ့ ဖိုင်ခွဲပါတယ်.. ဒီအောက်မှာတော့ ဖိုင်ချုံ့မှာ ဖြစ်တဲ့ အတွက် Heavy Compress ကို သူ့ဘေးက မျှားလေးကနေ သွားရွေးပေးလိုက်ပါ..။ သူ့အောက်က Split မှာ အမှန်ခြစ်ဖြုတ်ပါ.. ပြီးရင် Compress ကိုနှိပ်ပြီး စလုပ်ပါပြီ..


အောက်ကပုံလေးတွေကတော့ အလုပ်လုပ်နေပါပြီ..




OK ပေးပြီးရင်တော့ ချုံ့ထားပြီးသား ဖိုင်လေးကို ဖွင့်ကြည့်တဲ့ အခါမှာ နည်းနည်းတော့ ဖိုင်ဆိုဒ်သေးသွားပါတယ်.. မူရင်း ဖိုင်က 4.22 GB ရှိပါတယ်.. ဒီမှာ ချုံ့လိုက်တာ 3.92 GB ဆိုတော့.. 30 MB လောက်တော့ လျှော့သွားပါတယ်.. Quality တော့ ကောင်းမကောင်း မသိသေးပါ.. အသုံးလိုတဲ့ သူတွေကတာ့ အဆင်ပြေမယ့်နည်းနဲ့ စမ်းသပ်ကြည့်ပါ..


ဒီလောက်ဆိုရင် ဒီကောင်လေးကို အသုံးပြုတတ်လောက်ပြီပေါ့..

2 comments:

  1. ကျေးဇူးအထူးတင်ပါတယ် ဗျာ ...အကိုဆိုက်က တောင်းတဲ့ ဆောဝဲချက်ချင်းတင်ပေးတာကိုသဘောကျတယ်ဗျာ ဒီထက်မကအောင်မြင်ပါစေ

    ReplyDelete

Related Posts Plugin for WordPress, Blogger...