Advanced Uninstaller Pro 11.19 Final Free

ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဆော့ဝဲလ် ပရိုဂရမ်တွေကို ပြန်ထုတ်ပစ်တဲ့ ဆော့ဝဲလ် Uninstaller တွေထဲမှာ နာမည်ရပြီးသား၊ လူကြိုက်များတဲ့၊ လူသုံးများတဲ့ ဆော့ဝဲလ်ကောင်လေး တစ်ခုပါ..။ ဆော့ဝဲလ်တိုင်းရဲ့ Registry ကီးတွေကို အကုန်လုံးနီးပါး ပြန်ထုတ်ပေးနိုင်တဲ့အတွက် လူကြိုက်များရ ခြင်းပါပဲ..။ ဒီဗါးရှင်းလေးက ဖရီးပေးသုံးတာ ဆိုပေမယ့် သူရဲ့ တည်ဆောက်ထားတဲ့ အပိုင်းက Pro ဗါးရှင်းကို အခြေခံထားလို့ သူရဲ့ မူရင်းဆိုဒ်က Advanced Uninstaller Pro Free ဗါးရှင်းလို့ ရေးထားတာပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်တုန်းက ပိုစ့်အဟောင်း မှာလည်း ပုံလေးတွေနဲ့ ရှင်းပြပေးထားခဲ့ပါတယ်..။ အခုဒီဗါးရှင်း အသစ်မှာတော့ Feature တွေ ပြောင်းလဲထားလို့ နောက်ထပ်အပို တွေပါ ပါလာတဲ့အတွက် ဒီ Uninstaller လေးကို ဆော့ဝဲလ်တွေ ပြန်ထုတ်တဲ့ လုပ်နည်းတခုကိုတော့ ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားပါတယ်..။ အရင်တုန်းက ပိုစ့်နဲ့ အသုံးပြုနည်း အတူတူပါပဲ..။ တခြားအပို ပါလာတဲ့ တခြား Feature Tools တွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာပြီး အသုံးပြုကြပါ..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အောက်ကလင့်မှာ ဒေါင်းယူပြီး အသုံးပြုပုံကို ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 20.1 MB ရှိပါတယ်..။



ကျနော်က ဆော့ဝဲလ်တွေ ပြန်ထုတ်မှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း General Tools ကို နှိပ်သွားလိုက်ပါတယ်..။



အပေါ်ပုံမှာ ပြထားတဲ့ Uninstall Programs ပုံလေးကို နှိပ်ပြီး ဝင်လိုက်ရင် အောက်ကပုံအတိုင်း မိမိတို့ ပြန်ထုတ်ပစ်ချင်တဲ့ ဆော့ဝဲလ်ကို တချက်ကလစ်ပြီး Right Click >> Uninstall ကိုနှိပ်လိုက်ပါ..။


ဒီနေရာမှာ Next >> Next >> OK >>Finish စသဖြင့် စာသားတွေ ပေါ်လာရင် နှိပ်ပေးလိုက်ပါ..။ ဒီမှာတော့ ပုံတွေ များနေမှာ မို့လို့ ထည့်မပြတော့ပါ..။ Uninstall ထုတ်ပစ်လိုက်လို့ Finish ဖြစ်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ ပုံမှာ ပြထားတဲ့အတိုင်း အမှန်ခြစ်လေးတွေ ပြထားတဲ့ ပုံအတိုင်း နှိပ်သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း အဆင့်ဆင့် နှိပ်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ခဏစောင့်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း Next ကိုနှိပ်ပြီးသွားရင် အောက်ကပုံအတိုင်း Select All နဲ့ အမှန်ခြစ်တွေ ပေးလိုက်ပါ..။ ပြီးရင် Next ကိုဆက်နှိပ်သွားလိုက်ပါ..။

 

 

 အပေါ်ပုံအတိုင်း Select All ထပ်ပေးပြီး Next ကိုနှိပ်ပေးလိုက်ရင်တော့ ဒီထုတ်ပစ်လိုက်တဲ့ ဆော့ဝဲလ်ရဲ့ ကျန်နေတဲ့ Registry ကီးတွေကို စစ်ထုတ်ပစ်ပေးပါလိမ့်မယ်..။ အားလုံးပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် Close ပေးလိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် ဒီ Advanced Uninstaller Pro ဗါးရှင်းလေးကို အားလုံးပဲ အသုံးပြုတတ်သွားပါပြီ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...