Tango for PC - Free Voice Call and Video Call

 Tango ဆော့ဝဲလ်လေးကလည်း Viber ဆော့ဝဲလ်လိုပဲ Free Call နဲ့ Video Call တွေပါ အသုံးပြုလို့ ရပါတယ်..။ ဒီဗါးရှင်းကတော့ ကွန်ပျူတာမှာ ထည့်သုံးလို့ ရမယ့် ဝင်းဒိုးတွေအတွက်ပါ..။ Register လုပ်တဲ့နေရာမှာ Viber ထက် ဒီကောင်လေးက ပိုလွယ်ပါတယ်..။ မိမိတို့ရဲ့ ဖုန်းနံပါတ်နဲ့ Email လိပ်စာထည့်ပေးလိုက်ယုံပါပဲ..။ Viber လို Code တွေ ပြန်ထည့်ပေးဖို့ မလိုတဲ့အတွက် Wifi အသုံးပြုလို့ မရတဲ့ ဖုန်းတွေနဲ့ ဖုန်းမရှိတဲ့သူများအတွက်ပါ ဒီကောင်လေးကို PC မှာအသုံးပြုလို့ အဆင်ပြေပါလိမ့်မယ်..။ Tango ဆော့ဝဲလ်ရှိတဲ့ တကမ္ဘာလုံးက ဖုန်းတွေနဲ့ ကွန်ပျူတာတွေကို အင်တာနက်ကနေ Free Call တွေနဲ့ Video Call တွေ အချိန်မရွေး ခေါ်ဆိုနိုင်ပါတယ်..။ ဖုန်းတွေအတွက်ကတော့ Tango ဆော့ဝဲလ်ကို Market ထဲမှာ ဒေါင်းယူနိုင်ပါတယ်..။ Viber လိုင်းကြပ်လို့ ခေါ်လို့အဆင်မပြေတဲ့ အခါမျိုးတွေမှာ ဒီကောင်လေးနဲ့ ပြောင်းခေါ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11.2 MB ရှိပါတယ်..။ အောက်မှာလည်း ကျနော် PC နဲ့ စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပါတယ်..။



Mobile Device တွေအတွက် လိုအပ်ရင်တော့ အောက်ကလင့်နေ မူရင်းဆိုဒ်မှာ သွားဒေါင်းယူနိုင်ပါတယ်..။


Tango ဆော့ဝဲလ်ကို မိမိတို့ ကွန်ပျူတာမှာ Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ယုံပါပဲ..။




အပေါ်ပုံအတိုင်း နိုင်ငံရွေးပြီး ဖုန်းနံပါတ်ထည့်၊ နာမည်နဲ့ အီးမေးလ် လိပ်စာ ထည့်ပေးလိုက်ပါ...



Submit ကိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း မိမိတို့ ဖုန်းနဲ့ သူငယ်ချင်းဖြစ်နေတဲ့ Tango ဆော့ဝဲလ်ထည့်ထားတဲ့ ဖုန်းနံပါတ်တွေကို မြင်ရပါလိမ့်မယ်..။


ဟိုဘက်က ခေါ်တဲ့ အခါမှာ အောက်ကပုံအတိုင်း အစိမ်းရောင်နေရာလေးကို နှိပ်ပြီး စကားပြာနိုင်ပါပြီ..



အပေါ်ပုံကတော့ သူငယ်ချင်းတွေရဲ့ ဖုန်းနဲ့ အီးမေးလ်တွေကို ထည့်ပြီး ဖိတ်ခေါ်ပေးဖို့ပါ..။ အောက်ကပုံအတိုင်း Video Call နဲ့ စကားပြောတဲ့အခါ ပုံကို လိုသလို လှည့်လို့ ရပါသေးတယ်..။



အပေါ်ပုံကတော့ အသံမကြားရရင် ၊ ရုပ်မမြင်ရရင် မျှားပြထားတဲ့ နေရာတွေကို နှိပ်ပြီး ပြုလုပ်ပေးရမှာပါ..

ဒီလောက်ဆိုရင်တာ့ Tango ဆော့ဝဲလ်လေးကို အသုံးပြုတတ်လောက်ပါပြီ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...