iCare Data Recovery Software Enterprise 5.1 Final


iCare Data Recovery Software Enterprise 5.1 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကောင်လေးနဲ့ မိမိတို့ စက်ထဲမှာ Format ချပြီးသားနဲ့ မှားဖျက်မိသွားတဲ့ Data တွေကို ပြန်ရှာယူလို့ ရနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို Install ပြီးတာနဲ့ အဲ့ဒီ crack ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဒီဗါးရှင်းလေးကို ဖူးသုံလို့ ရသွားပါပြီ..။ ဖူးဖြစ်အောင် လုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင် အောက်မှာ ကျနော်ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.1 MB ရှိပါတယ်..။



Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဒီကောင်လေးကို အရင်ပိတ်ထားလိုက်ပါ..။


ပြီးရင်တော့ Register ဆိုတဲ့ အောက်ကပုံမှာ မြင်နေရတဲ့ ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



ဖူးဖြစ်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ကျနော် ဖွင့်ပြီး ဒီကောင်လေးကို အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။



မိမိတို့ ပြန်ရှာယူလိုတဲ့ အပိုင်းကို တချက်ကလစ်ပြီး Recover ကိုနှိပ်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း ပေါ်လာရင်တော့ အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် တော်တော် ကြာကြာစောင့်နေပေးရမှာပါ..။ 



နောက်တဆင့်မှာ ဒီအောက်ကပုံအတိုင်း ပြောင်းပေါ်လာရင်တော့ မိမိတို့ ပြန်ရှာလိုတဲ့ Data ကို တခုချင်းစီမှာ လိုက်ရှာကြည့်ရမှာပါ..။ ဒီမှာတော့ ကျနော်က အလွယ်လုပ်တတ်အောင်ပဲ အပေါ်ဆုံးက Partition1 အပိုင်းကိုပဲ တချက်ကလစ်ပြီး ဆက်သွားလိုက်ပါတယ်..။




အပေါ်ပုံမှာ မိမိလိုချင်တဲ့ ဖိုင်ကိုပဲ အမှန်ခြစ်ပေးပြီး ရွေးပေးရမှာပါ..။ ပြီးရင်တော့ Save Files ကို ဆက်နှိပ်ပေးလိုက်ပါ..။ 
ရှာရလွယ်အောင် အောက်ကပုံအတိုင်း Desktop ကို ရွေးပြီး သိမ်းလိုက်ပါတယ်..။



ပြီးရင်တော့ Desktop မှာ ပြန်ရှာကြည့်လိုက်ရင် အပေါ်ကပုံအတိုင်း ဖိုင်လေးတခု ပေါ်နေပါပြီ..။ ဒါဆိုရင် ဒီ iCare Data Recovery Software ကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...