Wondershare Video Converter Ultimate 6.5.1.2 Final


 ကျနော် Video Converter လေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ ဒီ Converter လေးကတော့ Wondershare Video Converter Ultimate 6.5.1.2 Final ဗါးရှင်းလေးပါ..။ ကျနော်တို့ရဲ့ Video ဖေါ်မတ်အများစုကို ဒီကောင်လေးက Format မျိုးစုံ Convert လုပ်ပေးနိုင်ပါတယ်..။ Watermark တို့ ၊ Effect တို့၊ Subtitle တို့ အပြင် မိမိတို့ လိုအပ်တဲ့ Video အပိုင်းလေးကိုပဲ ဒီကောင်လေးနဲ့ ဖြတ်ယူလို့ ရပါသေးတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch ထည့်နည်းက အရင်ကပိုစ့်တွေနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာလည်း မသိသေးတဲ့ သူများအတွက် ပြန်ပြပေးထားပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံတွေကိုပါ.. ပုံလေးတွေနဲ့ အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။ ဒီ Converter လေးကို အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35 MB ရှိပါတယ်..။


ဒီဖိုင်ကို ဒေါင်းလော့ယူဖို့ အဆင်မပြေသေးတဲ့ သူများရှိနေတဲ့အတွက် အောက်ကပုံလေးနဲ့ ပြပေးလိုက်ပါတယ်..။ အောက်ကပုံလေးအတိုင်း ပေါ်လာရင် CLICK HERE စာသားတွေထဲက မိမိတို့အတွက် အလွယ်ကူဆုံး ဒေါင်းလော့ယူလို့ အဆင်ပြေမယ့် ဆိုဒ်ကို ရွေးပြီး နှိပ်သွားလိုက်ပါ..။ ဒေါင်းလော့အဆင်ပြေသွားပါလိမ့်မယ်..။


ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ Patch ဖိုင်ကို အရင်သွားထည့်ပေးလိုက်ပါ..။


Desktop မှာပေါ်နေတဲ့ ဒီကောင်လေးရဲ့ ပုံလေးပေါ်မှာ Right Click >> Properties >> Open file location ကနေ အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့် patch ဖမ်းပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။


Run as administrator နဲ့ သွားပါ..။ အောက်ပုံ..




Apply >> OK ပေးပြီးရင်တော့ Desktop ပေါ်က ဒီကောင်လေးရဲ့ Icon ပုံလေးကို ၂ချက်တောက်ပြီး ဖွင့်ပေးလိုက်ရင် အောက်ကပုံအတိုင်း ထပ်ပေါ်လာပါလိမ့်မယ်..။ ပုံမှာပြထားတဲ့ Icon လေးကို ၂ချက်တောက်ပြီး ထပ်ဖွင့်မှ ဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။


အောက်ကအဝိုင်းပြထားတဲ့ နေရာတွေကတော့ မိမိတို့ ပြုလုပ်လိုတဲ့ Video ကို သွားယူပေးရမယ့် နေရာတွေပါပဲ..။ လေးထောင့်ကွက်ပြထားတဲ့ နေရာကတော့ ဖေါ်မတ်တွေကို လိုက်ပြောင်းပေးရမယ့်နေရာလေးပါ..။



အပေါ်ပုံကတော့ သီချင်းတပုဒ်ကို ယူထည့်လိုက်တာပါ..။ အောက်ကပုံတွေကတော့ သူ့ထဲမှာပါတဲ့ ဖေါ်မတ်တွေကို လိုက်ပြောင်းပေးရမယ့် နေရာတွေပါပဲ..။





အပေါ်ကပုံတွေထဲက MP4 ဖေါ်မတ်ကိုပဲ ရွေးယူလိုက်ပါတယ်..။ ပြီးရင်တော့ ကျနော်လိုအပ်တဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူမှာဖြစ်တဲ့အတွက် မျှားပြထားတဲ့ နေရာက Edit ကိုနှိပ်ပြီး သွားလိုက်ပါတယ်..။


အောက်မှာ ပြထားတဲ့ ပုံလေးတွေနဲ့ နေရာတွေကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။ စာတွေအများကြီး မရေးပေးတော့ပါဘူး..။







အပေါ်မှာ ပြထားတဲ့ ပုံတွေထဲကအတိုင်း စိတ်ကြိုက်ပြောင်းလဲပြီးသွားရင်တော့ OK ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း ဆက်ပြီး Convert ကိုနှိပ်ပေးလိုက်ရင် ဒီကောင်လေး အလုပ်လုပ်နေပါပြီ..။




Convert လုပ်တာ ပြီးသွားရင်တော့ အပေါ်က ပုံအတိုင်း အမှန်ခြစ်လေးနဲ့ ပေါ်လာပါလိမ့်မယ်..။ Open Folder ကိုနှိပ်ပြီး အောက်ကပုံအတိုင်း မိမိတို့ ဖြတ်ယူ၊ ဖေါ်မတ်ပြောင်းလိုက်တဲ့ ဖိုင်လေးကို ရရှိပါပြီ..။


ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...