Hide IP Easy 5.2.5.8


 Hide IP Easy ဆော့ဝဲလ်လေးက မိမိတို့ရဲ့ အင်တာနက်လိပ်စာကို ဖျောက်ထားပေး၊ ပြောင်းထားပေးနိုင်ပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံက ကျန်ခဲ့တဲ့ တပါတ်က တင်ပေးခဲ့တဲ့ Platinum Super Hide IP 3.2.8.2 ဆော့ဝဲလ်နဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာလည်း ဒီကောင်လေးကို အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြန်ပြပေးထားပြီး.. ဖူးဖြစ်အောင် patch ချိုးတတ်အောင်ပါ ပြပေးထားပါတယ်..။ patch ဖမ်းနည်းက အရင်တုန်းက ပိုစ့်တွေနဲ့ အတူတူပဲမို့ ဒီပိုစ့်မှာတော့ ပုံအနည်းငယ်ပဲ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။

 ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများနဲ့ ဒေါင်းယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။


Install ပြီးတာနဲ့ အောက်ကပုံအတိုင်း ပိတ်ပစ်လိုက်ပြီး.. patch ဖိုင်ကို အရင်သွားထည့်ပေးပါ..


Desktop မှာပေါ်နေတဲ့ Hide IP Easy ပုံလေးပေါ်မှာ Right Click >> Properties >> Open file location ကနေ နောက်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ အောက်ကပုံအတိုင်း patch ဖိုင်ကိုထည့်ပြီး Right Click >> Run as administrator နဲ့ သွားပေးလိုက်ပါ..။


အပေါ်ပုံ Patch စာသားကို နှိပ်ပြီး အောက်ကပုံအတိုင်း Hide IP Easy ပုံလေးကို သွားယူပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။


ဒီအောက်ကပုံကတော့ ဒီကောင်လေးကို Update မတက်အောင် သွားပိတ်ထားလိုက်တာပါ..။



မိမိတို့ အင်တာနက်လိပ်စာ IP ကိုပြောင်းလိုတဲ့ အခါမှာ အပေါ်ပုံအတိုင်း အလံပုံနေရာကို ကလစ်ပြီး ပြောင်းနိုင်ပါတယ်..။ Real IP ဆိုတာကတော့ မိမိတို့ရဲ့ လက်ရှိ IP လိပ်စာ အမှန်ပါ..။


အပေါ်ပုံမှာတော့ မိမိတို့ ပြောင်းသုံးလိုတဲ့ နိုင်ငံကို ရွေးယူပြီး OK ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း ပြောင်းလိုက်ရင်တော့ Fake IP နဲ့ ပေါ်လာရင် မိမိတို့ရဲ့ IP အမှန်ကို ဒီကောင်လေးက ဖျောက်ထားပေးလိုက်ပါပြီ..။


အားလုံးပဲ အဆင်ပြေကြပါစေ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...