SPlayer 3.7 Build 2437

SPlayer 3.7 Build 2437 is a is a media player that supports various video formats such as AVI, MP3, WMV, 3GP, OGG, VOB MKV, and many more ...
SPlayer လေးနဲ့ Video ဖေါ်မတ်အားလုံးကို ဖွင့်လို့ ရတယ်လို့ သူ့ဆိုဒ်မှာရေးထားပါတယ်..။ ကျနော်စမ်းသုံးမိသလောက် ဖေါ်မတ်အားလုံးနီးပါး ဖွင့်လို့ အဆင်ပြေပါတယ်..။ Windows Media Player အပြင် တခြား Player တွေပါ အသုံးပြုချင်တဲ့ သူများအတွက် အဆင်ပြေ ၊ လွယ်ကူ ၊ အသုံးတည့်စေမယ့် Player လေးတခုပါ..။ ပေါ့ပေါ့ပါးပါးနဲ့ ဖိုင်ဆိုဒ်ကလည်း 8 MB ပဲရှိပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။


အောက်ကပုံလေးတွေ ကတော့ ဒီ Player လေးကို ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေပါပဲ..။





3 comments:

  1. အကိုလွင်မင်းဘိုလ်ရေ ကျွန်တော့်မှာ စက်ထဲကဆော့ဝဲတွေကို မတ်မိုရီကတ်ထဲကိုထည့်တဲ့အခါ တချို့ကရတယ်တချို့က မရဘူး ဆိုလိုတာက rar ဖိုင်ဆော့ဝဲတွေပါ ကူးလို့တော့ရတယ် ဒါပေမယ့် မတ်မိုရီကတ်ထဲကဖွင့်တဲ့အခါ အဲဒီ ရာဖိုင်အထဲက မပါလာဘူး ဖိုင်ဆိုဒ်ကြီးလို့လားခင်ဗျာ ပါဝါဒါရိုက်တာကူးလို့ရတယ် မတ်မိုရီကတ်ထဲက ဖိုင်ဖြေတဲ့အခါ မပါလာဘူး...ဘာဖြစ်တာလဲ ပြီးတော့ ကော်ပီကူးဖို့မြန်တဲ့အထောက်ကူပြုဆော့ဝဲ တခုမျှပါဦး အစ်ကိုရေ..

    ReplyDelete
    Replies
    1. မန်မိုရီကတ်တွေက အများအားဖြင့် FAT32 ဖေါ်မတ်တွေ ဖြစ်တဲ့အတွက် ဖိုင်ဆိုဒ်ကြီးတာတွေကို ထည့်သိမ်းထားလို့ မရနိုင်ပါဘူး..။ FAT32 ကနေ NTFS ဖေါ်မတ်ပြောင်းလိုက်ရင်တော့ ရသွားပါလိမ့်မယ်..။ ဖေါ်မတ်ပြောင်းချင်ရင်တော့ မန်မိုရီကတ်ထဲက Data တွေကို အရင် ပြောင်းသိမ်းထားလိုက်ပါ..။ ပြီးရင်တော့ ကွန်ပျူတာမှာဖွင့် မန်မိုရီးကတ်ပေါ်မှာ Right Click >> Format >> File System နေရာမှာ NTFS ကိုပြောင်းပြီး အောက်ဆုံးက start ကိုနှိပ်လိုက်ရင် ရပါပြီ..။ အဆင်ပြေပါစေ..။

      Delete
  2. ကျေးဇူးပါအစ်ကိုလွင်ရေ လုပ်ကြည့်ပြီးပြီ ဖေါ်မတ်ပြောင်းလို့ပြီးပြီ ဖေါ်မတ်ပြီးတာနဲ့ window was unable to complete NTFSဲဖြစ်ပြီး fat32 ပြန်ဖြစ်သွားရော ဘာဖြစ်တာလဲဗျာ ...မတ်မိုရီကတ်က ဈေးအပေါ့စာနဲ့ဆိုင်တာလား အဆင်ပြေရင် မတ်မိုရီကတ်ဝယ်နည်းလေးပါ လမ်းညွန်ပါဦး .....နည်းပညာတွေ ဒီထက်မက တိုးတက်ပါစေဗျာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...