Windows 8.1 Preview Original ISO - Direct Official Download links

မနေ့ကမှ Update အသစ်ထွက်လာတဲ့ Windows 8.1 Preview ဗါးရှင်းပါ..။ ကျနော့် Blog မှာ အရင်က တင်ပေးခဲ့တဲ့ Windows 8 အခွေတွေကို ဒေါင်းယူလို့ မရတော့တဲ့အတွက် အသစ်ပြန်တင်ပေးဖို့ တောင်းဆိုထားတဲ့သူတွေ များပါတယ်..။ ကျနော်လက်ရှိအသုံးပြုနေတဲ့ Connection နဲ့ ဝင်းဒိုးခွေတွေကို ပြန်တင်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် တင်မပေးဖြစ်ခဲ့ပါ..။ နောက်ပိုင်း Connection ကောင်းတဲ့လိုင်း ပြောင်းသုံးဖြစ်ခဲ့ရင်တော့ အရင် Windows 8 Pro ဗါးရှင်းတွေကို ပြန်တင်ပေးပါမည်..။ အခုတော့ Windows 8 ခွေတွေ လိုအပ်နေတဲ့ သူများအတွက် မနေ့က အသစ်ထွက်လာတဲ့ ဒီ Windows 8.1 Preview ဗါးရှင်းကိုပဲ မူရင်းလင့်တွေကနေ တိုက်ရိုက်ဒေါင်းယူလို့ ရအောင် လင့်တွေပြန်ချိတ်ပေးထားပါတယ်..။ မိမိတို့ လိုအပ်တဲ့ ဗါးရှင်းကို 32-bit (or) 64-bit ခွဲပြီး ဒေါင်းယူရမှာပါ..။ မြန်မာပြည်သားများအတွက် အဆင်ပြေဆုံးဖြစ်တဲ့ English ဗါးရှင်းကိုပဲ လင့်ချိတ်ပေးထားတာ ဖြစ်ပါတယ်..။ တခြား ကိုရီးယား၊ တရုတ်၊ ဂျပန်နဲ့ ဥရောပ ဘာသာတွေပါတဲ့ Windows 8 ISO ဖိုင်တွေကိုတော့ မူရင်း Microsoft ဆိုဒ်မှာ သွားဒေါင်းယူလို့ရအောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ မူရင်းဆိုဒ်သို့ လင့်ပြန်ညွှန်းပေးထားပြီး.. မူရင်းဆိုဒ်မှာ ဖေါ်ပြပေးထားတဲ့အတိုင်း Product Key: တွေကိုပါ ဒီပိုစ့်မှာ ဖေါ်ပြပေးထားပါတယ်..။ Windows 8 ခွေလိုအပ်နေတဲ့ သူများကတော့ အောက်ကလင့်တွေကနေ Windows 8 ISO ဖိုင်တွေကို ဒေါင်းယူနိုင်ပါပြီ..။

ဒေါင်းယူပြီးတဲ့အခါမှာ Windows 8 ISO ဖိုင်ကို DVD အသစ်နဲ့ ခွေ Burn ရမှာပါ..။ အခွေဘမ်းနည်းနဲ့ USB ထဲထည့်နည်းတွေကို အရင် ဝင်းဒိုးခွေတွေ တင်ပေးခဲ့တုန်းက ပိုစ့်တွေမှာ လုပ်ပြပေးခဲ့ပြီးသားမို့ ဒီပိုစ့်မှာ ပြန်လည်မပြပေးတော့ပါဘူး..။
အောက်ကပုံကတော့ ကျနော် IDM နဲ့ စဒေါင်းယူထားတဲ့ ပုံတွေပါ..။

Product Key: NTTX3-RV7VB-T7X7F-WQYYY-9Y92F 






Microsoft က အခု အသစ်တင်ပေးလိုက်တဲ့ Windows 8.1 Preview ဗါးရှင်းဟာ တချို့စက်တွေမှာ အဆင်မပြေတာတွေ ရှိနိုင်ပါတယ်တဲ့..။ ဒါကြောင့် မူရင်းဆိုဒ်ကအတိုင်း အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်..။

Windows 8.1 Preview isn't currently supported on some tablets and PCs with newer 32-bit Atom processors, including:

*    Lenovo ThinkPad Tablet 2

*    ASUS VivoTab TF810C

*    Samsung ATIV Smart PC

*    HP ElitePad 900

*    HP ENVY x2

*    Fujitsu ARROWS Tab

If you have one of these tablets or PCs, please revisit this site periodically, as we expect most of them to be supported during the preview.
To find out if you have one of these tablets or PCs:

1.  Swipe in from the right edge of the screen, and then tap Search.
    (If you're using a mouse, point to the upper-right corner of the screen, move the mouse pointer down, and then click Search.)

2.  Enter system, tap or click Settings, and then tap or click System.

တခြားဘာသာတွေနဲ့ Windows 8 ISO ဖိုင်တွေကို တခုစီ ရွေးပြီး ဒေါင်းယူလိုရင်တော့ အောက်ကလင့်ကနေ မူရင်းဆိုဒ်သို့ ဝင်ရောက် ဒေါင်းယူနိုင်ပါတယ်..။



3 comments:

  1. လိုလိုမယ်မယ် ဒေါင်းသွားတယ်နော် အကိုလွင်.. ကျေးဇူးထူးတင်ပါကြောင်း

    ReplyDelete
  2. window loader ထွက်ပြီလား မသိ...........ကူညီလက်စနဲ့ကူညီပေးပါဦး

    ReplyDelete
  3. ကိုလွင်​​ရေ...ဒီ window 8 ဖိုင်​​လေးကို ချုံ့​ပေးပြီးတင်​​ပေးပါလားဟင်​​ဖိုင်​ဆိုက်​ကြီး​တော့ ​ဒေါင်းရတာအဆင်​မ​ပြေလိုပါ ​ကျေးဇူးအများကြီးတင်​ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...